တင်ပါးကြီးတာတွေ ဟောလိဝုဒ်မှာ အရမ်းကို ရေပန်းစားလာခဲ့ပါတယ်။ဒါကြောင့်လည်း တစ်ချို့ တင်ပါးသေးတဲ့ အမျိုးသမီးဆယ်လီတစ်ချို့က တင်ပါးကြီးလာအောင် ပြုပြင်တာတွေ လုပ်လာကြ တာပါ။တင်ပါးပြုပြင်ထားတယ်၊အတု၊အစစ်ဆိုတဲ့ အငြင်းပွားမှုမျိုးနဲ့ ကြုံခဲ့ရဖူးတဲ့ ဆယ်လီတွေ ရှိပါတယ်။ တစ်ချို့က ပြုပြင်မှုတွေ လုပ်တယ်လို့ ၀န်ခံခဲ့သူတွေရှိသလို၊အစစ်ပါဆိုပြီး အတုမ ဟုတ်ဘူးလို့ ငြင်းခဲ့သူတွေ လည်း ရှိပါတယ်။သူတို့ကတော့…

#Nicki Minaj

 Nicki Minaj ကလည်း သူမရဲ့ တင်ပါးအလှကြောင့် နာမည်ကြီးသူပါ။သူမရဲ့ before & after ပုံတွေကို ကြည့်ရင် သိနိုင်ပါတယ်။သူမအသက် (၂၄)နှစ်အထိက body က ပိန်သေးတဲ့ အထဲမှာ ပါပေမယ့် နောက်ပိုင်းမှာတော့ သိသိသာသာကြီးကို အထူးသဖြင့် တင်ပါးက အရမ်းကို ဖွံ့ထွား လာတာကို ကြည့်ရင်သိနိုင်ပါတယ်။

#Kim Kardashian

Kim Kardashian ကတော့ တင်ပါးခွဲစိတ်ပြုပြင်ထားတယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူမရဲ့ တင်ပါးဟာ ခွဲစိတ်ပြုပြင်ထားတာမျိုးမဟုတ်ပဲ Natural ပါဆိုပြီး သတင်းတွေ ပြန်လည် ထွက်ပေါ်ခဲ့ပါတယ်။The Kardashians episode မှာ  butt X-Ray အရိုက်ခံပြီး ခွဲစိတ်ပြုပြင်ထားတာမျိုးမဟုတ်ဘူးလို့ သက်သေပြခဲ့တာပါ။တခြားသူတွေ ထင်နေသလို ခွဲစိတ်ပြုပြင်တာတော့ မလုပ်ပေမယ့် (butt injections) တင်ပါးကြီးဖို့ ဆေးထိုးတာမျိုးတော့ လုပ်တယ်လို့ ၀န်ခံ့ခဲ့ပါတယ်။စီလီကွန်တော့ မထည့်ပေမယ့် အဆီတော့ ထိုးခဲ့တာပါ။

#Amber Rose Butt

Amber Rose ကလည်း တခြားဆယ်လီတွေလိုပါပဲ အစစ်ပါ၊အတုမဟုတ်ပါဘူးလို့ ပြောခဲ့ဖူး ပါတယ်။ဒါပေမယ့် အားလုံးက သူမရဲ့ before & after ပုံတွေကိုကြည့်ပြီး စီလီကွန်မ ဟုတ် ရင်တောင်မှ (butt injections) တော့ လုပ်ရမယ်ဆိုပြီး တစ်ထစ်ချပြောခဲ့ကြပါတယ်။သူမရဲ့ အရင်ရည်းစားဟောင်း Wiz Khalifa က သူမကို တွစ်တာမှာ “Natural a** please.”ဆိုပြီး ပြောလိုက်တဲ့ အခါမှာတော့ တင်ပါးပြုပြင်မှုလုပ်ထားတယ်ဆိုတဲ့ အားလုံးရဲ့ သံသယကို ပိုပြီး ခိုင်မာသွားစေခဲ့ပါတယ်။

#Kylie Jenner

Kylie Jenner ကတော့ တင်ပါးခွဲစိတ်ပြုပြင်တာ(သို့)ဆေးထိုးတာလို့ အထင်ခံရသူတွေထဲမှာ သူတို့လည်း ပါပါတယ်။သူမက နှာခေါင်း၊ရင်သား၊နှုတ်ခမ်းအားလုံးက မူလမဟုတ်ပဲ ခွဲစိတ်ပြုပြင်၊ေ ဆးထိုး ပြုပြင်ထားတာရယ်၊သူမရဲ့ before & after ပုံတွေက လည်း သိသိသာသာကြီးကွာခြား နေတာကြောင့် အားလုံးက အစစ်တော့မဟုတ်နိုင်ဘူးလို့ သံသယ၀င်နေကြတာပါ။

#Iggy Azalea

Iggy Azalea ကလည်း အစစ်ပါ၊ခွဲစိတ်ပြုပြင်တာ၊ဆေးထိုးတာ ဘာမှ မလုပ်ပါဘူးလို့ ငြင်းဆို ခဲ့သူပါ။ဒါပေမ.့် လည်း TV host တစ်ယောက်ဖြစ်တဲ့ Wendy Williams က သူမကို  တင်ပါး ခွဲစိတ်ပြုပြင်တာကို ဘာလို့ဝန်မခံရတာလဲ Iggy  ရယ်လို့ ပြောခဲ့ဖူးပါတယ်။ပရိသတ်တွေကလည်း အရင်နဲ့လုံးဝမတူပဲ ဒီလောက်ကြီးသိသိသာသာပြောင်းလဲ လာတာကို ပဲ ဘာကြောင့် အစစ်လို့ ငြင်းနေရသလဲ ဆိုပြီး ဝေဖန်ပြောဆိုခဲ့ပါတယ်။

#Heidi Montag

Heidi Montag ကတော့ ပလတ်စတစ်ဆာဂျရီ ကြိုက်သူလို့တောင် ပြောလို့ရပါတယ်။မျက်နှာက အစိတ်အပိုင်းတွေကိုလည်းပြင်၊ရင်သား၊တင်ပါး အကုန်ပြင်ခဲ့သူပါ။ဒါပေမယ့် ဒီလိုတွေ ဆာဂျရီလုပ် မိတဲ့ အတွက် အရမ်းနောင်တရမိခဲ့တယ်လို့ ပြောဖူးပါတယ်။

from crzay

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။