(၂၀၁၇)ခုနှစ်အတွက် ကမ္ဘာပေါ်မှာ sexy အကျဆုံး အာရှအမျိုးသမီးစာရင်းထွက်ပေါ်လာခဲ့ပါပြီ။ ဒီစာရင်းကိုတော့ လန်ဒန်အခြေစိုက် Eastern Eye ဆိုတဲ့ သတင်းစာကနေ မဲစနစ်နဲ့ ရွေးချယ်ပြီး “50 Sexiest Asian Women’  ဆိုပြီးစာရင်းထုတ်ပြန်ခဲ့တာပါ။ နံပါတ်တစ်နေရာကို ရခဲ့သူကတော့ Priyanka Chopra ပါ။ သူမဟာ ဒါနဲ့ပါဆိုရင် Sexiest Asian Woman အဖြစ်ရွေးချယ်ခံရတာ (၅)ကြိမ်မြောက်ရှိပြီလို့ သိရပါတယ်။

1. Priyanka Chopra

Priyanka Chopra ကတော့ ဘောလိဝုဒ်တင်မဟုတ်ပဲ ဟောလိဝုဒ်ကိုပါ ထိုးဖောက်နိုင်တဲ့ မင်းသမီးတစ်ယောက်ပါ။သူမရဲ့ စူးရှတောက်ပပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့စတိုင်က နံပါတ်တစ်နေရာနဲ့ထိုက်တန်ပါတယ်။ သူမဟာ”Sexiest Asian Woman” ဆိုတဲ့ ဂုဏ်ပုဒ်ကို (၂၀၁၆) တုန်းက Deepika Padukone ဆီကို ပေးခဲ့ရဖူးပါတယ်။

2. Nia Sharma

နာမည်ကြီး TV Star တစ်ယောက်ပါ။ Sexiest Television Star တစ်ယောက်အဖြစ် သူမရဲ့ နေရာကိုတော့ ဆက်ပြီး ထိန်းသိမ်းထားနိုင်တုန်းပါ။

3. Deepika Padukone

သူမကတော့ (၂၀၁၇)မှာ နန်းကျဘုရင်မလို့ ပြောရမှာပါ။ (၂၀၁၆)တုန်းက နံပါတ်တစ်နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ သူမဟာ ဒီနှစ်မှာတော့ နံပါတ်(၃)နေရာကို ကျသွားခဲ့ပါတယ်။

4. Alia Bhatt

Top 5 နေရာကိုတော့ မလွတ်တန်းဆုပ်ကိုင်ထားနိုင်တဲ့ ဘောလိဝုဒ်မင်းသမီးလေးပါ။

5. Mahira Khan

စူးရှရှအကြည့်နဲ့ ညှို့အားပြင်းလွန်းတဲ့ ပါကစ္စတန်မင်းသမီးပါ။

6. Drashti Dhami

ဘောလိဝုဒ်မင်းသမီးချော Drashti Dhami ကနံပါတ်(၆)ပါ။

7.Katrina Kaif

အိန္ဒိယဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ ဗြိတိန်မင်းသမီးပါ။

8.Shraddha Kapoor

အိန္ဒိယမင်းသမီးချောလေးပါ။

9. Gauahar Khan

အိန္ဒိယမော်ဒယ်ပါ။

10.Rubina Dilaik

အိန္ဒိယမင်းသမီးပါ။

from hindustantimes

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။