Harry Potter ဇာတ်ကားတွေမှာပါဝင်ပြီး အောင်မြင်လာသူ မင်းသမီးတစ်ဦးဖြစ်တဲ့ Emma Watson ဟာ သူရဲ့ စီးပွားရေးလုပ်ငန်းရှင် ချစ်သူ Mack နဲ့ ချစ်သူဖြစ်ပြီး (၂)နှစ်အကြာမှာ လမ်းခွဲလိုက်ကြပြီဖြစ်ပါတယ်။ အသက်(၂၇)နှစ်ရှိပြီဖြစ်တဲ့ Emma Watson နဲ့ သူ့ရဲ့ချစ်သူတို့အတူတူရှိနေတာကို မေလမှာ နောက်ဆုံးအနေနဲ့ တွေခဲ့ရတာဖြစ်ပြီး သူတို့ရဲ့ အတွင်းသိ အစင်းသိတစ်ယောက်ကတော့ သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြပြီဖြစ်တယ်လို့ US Weekly ကိုပြောခဲ့ပါတယ်။

ဒါပေမဲ့ Emma ရဲ့ ပြောရေးဆိုခွင့်ရသူကတော့ အလုပ်ရှင်ရဲ့ ပုဂ္ဂိုလ်ရေးရာကိစ္စဖြစ်တဲ့အတွက် ဘာမှတ်ချက်မှမပေးချင်ဘူးလို့ American Magazine ကို ပြောခဲ့ပါတယ်။ Emma ဟာဆိုရင်တော့ သူရဲ့ အချစ်ရေးရာကိစ္စတွေနဲ့ပတ်သက်ပြီး အရမ်းကို လျှို့ဝှက်တတ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

သူရဲ့ ချစ်သူဟောင်း Mack နဲ့ ပထမဆုံးအကြိမ်အဖြစ်တွေခဲ့ရတာကတော့ ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ Broadway Musical Hamilton ကို သူတို့နှစ်ဦး အတူတက်ရောက်ခဲ့တုန်းကဖြစ်ပါတယ်။

Beauty and the Beast ရဲ့ မင်းသမီးတစ်ယောက်လည်းဖြစ်တဲ့ Emma ဟာ သူ့ရဲ့ အနုပညာအလုပ်တွေနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို သက်သက်စီခွဲထားရတာကို နှစ်သက်သူတစ်ဦးပါ။

“အင်တာဗျူးမှာ ကျွန်မရဲ့ရည်းစားအကြောင်းကို ပြောမှာမဟုတ်သလို အိမ်ရှေ့မှာလမ်းလျှောက်နေတဲ့ ဓါတ်ပုံတွေကိုလည်း ပါပါရာဇီတွေ ရကြမှာမဟုတ်ပါဘူး” လို့ Emma က ပြောခဲ့ဖူးပါတယ်။

Source: The sun

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။