“Shape of You”နဲ့”Thinking Out Loud” တို့ရဲ့ တေးသံရှင် Ed Sheeran တစ်ယောက် သူရဲ့ငယ်ချစ်ဦးနဲ့ စေ့စပ်လိုက်ပြီလို့ သိရပါတယ်။ စေ့စပ်ပြီးသွားရင် သီချင်းတွေဆက်လုပ်ဖို့ အစီအစဉ်တွေမရှိတော့ဘူးလို့လည်း သိရပါတယ်။ သူ့ရဲ့ ဇနီးလောင်းလေး Cherry Seaborn နဲ့ လက်ထပ်ပြီး ကလေးတွေ ရတဲ့အချိန်ကျရင်တော့ အဆိုတော်အဖြစ်ကနေ အနားယူသွားတော့မှာလို့ ဆိုပါတယ်။

ဒီအပတ်မှာတော့ Ed Sheeran နဲ့ သူ့ရဲ့ ငယ်ချစ်ဦးဖြစ်သူ Cherry Seaborn တို့ လက်ထပ်ကြတော့မှာလို့ သိရပါတယ်။ Ed က သူတို့ လက်ထပ်ပြီးလို့ ကလေးရတာနဲ့ အဆိုတော်အဖြစ်ကနေ ချက်ချင်းရပ်နားလိုက်မှာပါ။ သာယာတဲ့မိသားစုဘ၀ကို ရနေပြီးဖြစ်လို့ ဘာမှကို မမက်မောတော့ပါဘူးလို့ ပြောခဲ့ပါတယ်။

ရည်မှန်းချက်ထက် ဖခင်ကောင်းတစ်ယောက်ပဲ ဖြစ်ချင်တဲ့ Ed Sheeran ကတော့ သူ့ရဲ့ Instagram ကနေ ဇန်န၀ါရ်ီလ (၂၀)ရက်နေ့မှာ စေ့စပ်လိုက်ပြီဆိုတာကို “ဇနီးလောင်းလေးကို နှစ်သစ်မတိုင်ခင်မှာ ရခဲ့တယ်။ ကျွန်တော်တို့ အရမ်းပျော်ပြီး တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြပါတယ် “လို့ ရေးသားခဲ့ပါတယ်။ သူတို့စုံတွဲကတော့ (၂၀၁၆)ခုနှစ် တစ်နှစ်လုံး အတူတူခရီးတွေထွက်ခဲ့ကြပြီး Ed ကလည်း အဆိုတော်အလုပ်ကို ခေတ္တအနားယူခဲ့ပါသေးတယ်။

source : mirror