နာမည်ကျော် ကနေဒန် ရက်ပ်ပါအဆိုတော် DRAKE က ပွဲတစ်ခုမှာ သီချင်းဆိုနေတာကို ခဏရပ်ပြီး ပရိသတ် တစ်ေ ယာက်ကို စင်ပေါ်ကနေလှမ်းပြီး သတိပေးလိုက်ပါတယ်။အဲ့ဒီပရိသတ်ဟာ ကောင်မလေးတွေကို လက်သရမ်း အသား ယူဖို့ ကြိုးစားနေတာကို စင်ပေါ်ကနေ သီချင်းဆိုရင်း လှမ်းမြင် လိုက်တဲ့ အတွက် တားဆီးလိုက်တာပါ။ဒီဖြစ်ရပ်ကတော့ နိုဝင်ဘာ(၁၅)ရက်နေ့က ဆစ်ဒနီမှာ ကျင်းပတဲ့ ပါတီပွဲတစ်ခုမှာ ဖြစ်ခဲ့တာပါ။Drake က သူပြောတဲ့ စကားကို အားလုံး ကြား ဖို့ DJ ကိုပါ ခဏရပ်ခိုင်းခဲ့ပါတယ်။”ကောင်မလေးတွေကို လက်သရမ်းနေတာ မရပ်ဘူး ဆိုရင်တော့..ငါ ဆင်းလာရလိမ့်မယ် f**k you up..” ဆိုပြီးတော့ ပြောလိုက်တာပါ။

ပရိသတ်တွေက ကောင်မလေးတွေဘက်ကနေ ကာကွယ်ပေးတဲ့ Drake ကို စင်အောက်ကနေ ၀ိုင်းပြီး သြဘာ ပေး ခဲ့ကြပါတယ်။Drake ဟာ လက်တလောမှာတော့ သူ့ရဲ့ world tour အတွက် သြစတြေးလျမှာပါ ဖျော်ဖြေပွဲ တွေ လု ပ်နေပါတယ်။Drake ရဲ့ အပြုအမှုနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ ချီးကျူးပြောဆိုသံတွေ ဝေဆာနေပါတယ်။

fan တစ်ယောက်ကဆိုရင် “Drake  က မှန်ကန်တဲ့ လုပ်ရပ်ကို လုပ်ခဲ့တာပဲ..၊မနေ့ညက Drake ရဲ့ လုပ်ရပ်က တကယ်ပဲ ကောင်းတယ်၊ဒီလိုမကောင်းတဲ့ ကောင်မျိုးကို ကလပ်ကနေ မောင်းထုတ်ဖို့ Drake က ပြောပေးသင့်တယ်” ဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာချီး ကျူးရေးသားထားတာကို တွေ့ရပါတယ်။

from thesun

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။