ကမ္ဘာကျော်ဆယ်လီစုံတွဲတစ်တွဲဖြစ်တဲ့ Justin Bieber နဲ့ Selena Gomez တို့ရဲ့ လက်တလော အချစ်ရေး အခြေ အနေ ကတော့ ပြေလည်ပုံမရပါဘူး။တစ်ချို့ အတွင်းလူတွေဆီကလာတဲ့ သတင်းတွေ အရဆိုရင် နောက်ထပ် လမ်းခွဲ လိုက်ပြီဆိုပြီး ပြောနေကြတာတွေ ရှိသလို တစ်ချို့ကတော့ လမ်းခွဲတဲ့ အဆင့်ထိမရောက်သေးပဲ နှစ်ယောက် သား ကြား မှာ အချိန်ခဏလေးခွဲနေကြတဲ့ အခြေအနေ လို့ လည်း ပြောကြပါတယ်။သေချာတာကတော့ သူတို့ အချစ်ရေး က လက်တလောမှာ အဆင်မပြေဖြစ်နေပါတယ်။အမြဲတစ်တွဲတွဲ မြင်နေရတဲ့ နှစ်ယောက်ကို တစ်ယောက်တစ်ကွဲပြားစီ မြင်နေရပါတယ်။

dailymail
dailymail

Justin Bieber ကတော့ မတ်လ(၁၁)ရက်နေ့တုန်းက West Hollywood  မှာ အပြင်ထွက်လာတဲ့ ပုံတွေ ထွက် ပေါ် လာပါတယ်။JB ရဲ့ ပုံစံကတော့ ပုံမှန်ပါပဲ။ Selena ရဲ့ မိခင်ဖြစ်သူက JB နဲ့ သမီးဖြစ်သူ ပြန်တွဲ တဲ့ အပေါ် လုံးဝ သဘောမတူပါဘူး။Selena ရဲ့ အမေတင်မဟုတ်ပဲ တခြားဆွေမျိုး မိတ်ဆွေတွေကပါ JB နဲ့ ပြန်လက်တွဲတဲ့ အပေါ် သဘော မတူကြတာပါ။အသက် (၂၄)နှစ်အရွယ် ကနေဒါအဆိုတော်က မီးခိုးရောင် hoodie အကျီင်္နဲ့ အစိမ်းရောင် ဘောင်းဘီ အပွကို ၀တ်ဆင်ထားပါတယ်။စားသောက်ဆိုင်တစ်ဆိုင်ကို သွားပြီး အစားအစာတွေကို ဆွဲပြီး ထွက်လာ တဲ့ ပုံတွေထွက်ပေါ်လာပါတယ်။

dailymail
dailymail
dailymail
dailymail

Selena ရဲ့ ကျောက်ကပ်အစားထိုး ခွဲစိတ်မှုအပြီး လအနည်းငယ်မှာပဲ Justin နဲ့ ပြန်ဆက်သွယ်ခဲ့တာပါ။နောက်ပိုင်း မှာတော့ Selena က တွဲနေတဲ့ The Weeknd ကို ဖြတ်ပြီး JB နဲ့ တွဲခဲ့တာပါ။အဲ့ဒီနောက်ပိုင်းမှာ တော့ နှစ်ယောက် သား လူတွေရှေ့မှာပဲ ပေါ်တင်တွဲခဲ့ကြပြီး ချစ်သူများနေ့တုန်းကလည်း ပျော်စရာ အချိန်တွေကို အတူ ကုန်ဆုံး ခဲ့သလို JB အဖေရဲ့ မင်္ဂလာပွဲကိုလည်း Selena တစ်ယောက် လိုက်ခဲ့ပါတယ်။မတ်လ(၇)ရက်နေ့တုန်းက နှစ်ယောက်သား ဘုရားကျောင်းတစ်ခုတည်းမှာ တက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဘုရားကျောင်းကနေ တစ်ကွဲတပြားစီ ပြန်ထွက်ခဲ့တာ ကိုလည်း တွေ့ရပါတယ်။

 သတင်း source  ကတော့ Selena အမေရဲ့ ကန့်ကွက်မှုကြောင့် Selena နဲ့ Justin  တို့ ခွဲနေဖို့ ဆုံးဖြတ် လိုက်တာ လို့ သိရပါတယ်။Justin ရဲ့ မိသားစုဘက်ကတော့ Selena ကို ချစ်ပေမယ့် Selena မိသားစုကေ တာ့ Justin ကို မယုံတဲ့ အတွက် သမီးဖြစ်သူနဲ့ ပတ်သက်မှုအပေါ် မနှစ်သက်ကြပါဘူး။ Selena  ကလည်း မိသားစုကို ဖျောင်းဖျ နား ချဖို့ ကြိုးစားခဲ့ပေမယ့် သူမရဲ့ မိသားစုတွေ လက်ခံလာအောင်မလုပ်နိုင်ခဲ့ပါဘူး။Selena ရဲ့ မေမေ Mandy Teefey က ကျောက်ကပ်အစားထိုးကုသမှုခံယူပြီး သေမင်းခံတွင်းဝကနေ လွတ်မြောက်လာတဲ့ သမီးဖြစ်သူ Selena ကို  JB ကြောင့် နောက်တစ်ကြိမ် ထိခိုက်နာကျင်မှာကို စိုးရိမ်နေတာလို့ သိရပါတယ်။Justin Bieber နဲ့ Selena Gomez တို့ရဲ့ အချစ်ရေးကိစ္စကတော့ ဘယ်လို ဆက်ဖြစ်လာဦးမယ်ဆိုတာကို အားလုံးက စောင့်ကြည့်ေ နကြပါတယ်။

dailymail
dailymail
Source dailymail