နာမည်ကြီးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Supernatural ရဲ့ ဇာတ်လမ်းတွဲမှာ Jensen Ackles နဲ့ ဇနီးသည် Danneel Ackles တို့ကို အတူတူ တွေ့ရတော့မှာဖြစ်ပါတယ်။ Danneel Ackles ဟာဆိုရင်တော့ သူ ၂၀၀၅ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ သရုပ်ဆောင်ခဲ့တဲ့ “One Tree Hill”ဇာတ်လမ်းထဲက Rachel Gatina ဆိုတဲ့ ဇာတ်ကောင်အဖြစ် လူသိများပြီးတော့  Harold & Kumar ဆိုတဲ့ ဟာသစီးရီးထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ Supernatural ရဲ့ Season (13) မှာတွေ့ရမယ့် Danneel Acklesရဲ့ပါဝင်မှုကတော့ ၂၀၁၄ ခုနှစ်ပြီး နောက်ပိုင်းမှာ ပြုလုပ်တဲ့ သူ့ရဲ့ပထမဆုံး အနုပညာလှုပ်ရှားမှုဆိုလည်း မမှားပါဘူး။

Danneel နဲ့ Jensen တို့ ဟာ ၂၀၁၀ ခုနှစ်မှာလက်ထပ်ခဲ့ကြပြီး ၂၀၁၃ ခုနှစ်မှာ Justice Jay Acklesကို မွေးဖွားခဲ့ပါတယ်။ Zeppelin Bram နဲ့ Arrow Rhodes တို့ အမွှာနှစ်ယောက်ကိုတော့ ၂၀၁၆ခုနှစ် ဒီဇင်ဘာလမှာ  မွေးဖွားခဲ့ပြီး ကလေးတွေက တော်တော်တောင် အရွယ်ရောက်နေကြပါပြီ။

Jensenရဲ့ ဇနီး Danneel ပါဝင်မယ့် အပိုင်းကတော့ အပိုင်း(၁၃)ဖြစ်ပြီး နာမည်က “Devil’s Bargain” ဖြစ်ပါတယ်။

Source: Zimbio

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။