Fifty Shades ဇာတ်ကားတွေရဲ့ မင်းသမီးချောလေး Dakota Johnson ကတော့ ချစ်သူရ သွားပါပြီ။ သူမရဲ့ ချစ်သူကတော့ အဆိုတော် တေးရေးဆရာ Chris Martin ပါ။ အချိန် အတော်ကြာတဲ့အထိ လျှို့ဝှက်ပြီးတွဲလာတဲ့ သူတို့ရဲ့ အချစ်ကိုတော့ အခုအခါမှာ ပေါ်တင်ချပြလိုက်ပြီလို့ daily mail မှာဖော်ပြထားပါတယ်။

 သူတို့တွဲနေတယ်ဆိုတဲ့ သတင်းတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာတည်းက ကောလာဟလ သတင်းအဖြစ်နဲ့ ပျံ့နေခဲ့တာပါ။ အခုတော့ တရားဝင်အတည်ပြုနိုင်ခဲ့ပါပြီ။ သူတို့စုံတွဲဟာ ပဲရစ်မြို့မှာ romantic ခရီးအတူကုန်ဆုံးပြီးနောက် ဒီဇင်ဘာ (၁၉)မှာတော့ ပြင်သစ်မှာရှိတဲ့ Charles de Gau lle ကို ရောက်လာတဲ့ ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Chris Martin ကတော့ အသက်(၄၀)ဖြစ်ပြီး Dakota Johnson ကတော့ အသက် (၂၈) နှစ်ပါ။ သူတို့နှစ်ယောက်ဟာ အောက်တိုဘာတုန်းက လော့အိန်ဂျလိစ်မှာ dinner date လုပ်နေတဲ့ ပုံတွေ ထွက်လာခဲ့ပြီး တွဲနေတယ်ဆိုပြီး သတင်းတွေထွက်လာခဲ့တာပါ။

သူတို့စုံတွဲဟာ ပြီးခဲ့တဲ့ရက်တုန်းက အစ္စရေးနိုင်ငံမှာဖော်ျဖြေခဲ့တဲ့ သြစတြေးလျဂီတပညာရှင် Nick Cave ရဲ့ ဖော်ျဖြေပွဲကိုလည်း အတူသွားရောက်ခဲ့ပါသေးတယ်။ လေဆိပ်မှာတော့ နှစ်ယောက်လုံးကအတူ ဆိုက်ရောက်လာခဲ့ပေမယ့် ထွက်ခွာဖို့နေရာကိုသွားတဲ့နေရာမှာတော့ အတူတူယှဉ်တွဲသွားတာမျိုးမဟုတ်ဘဲ အနည်းငယ်ခွာပြီးမှ သွားတာကို တွေ့ရပါတယ်။ ဘယ်လိုတွေပဲ ခွာပြီး သွားနေပါစေ သူတို့နှစ်ယောက် အစ္စရေးမှာ အတူရှိနေတဲ့ ပုံတွေကတော့ ထွက်ပေါ်နေပြီးသားပါ။ ထွက်လာတဲ့ပုံတွေထဲမှာတော့ အစ္စရေး Herzliya မြို့က စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာစားနေတဲ့ ပုံလည်း ပါပါတယ်။

Dakota တွဲနေတဲ့ Chris Martin ကတော့ ကလေးနှစ်ယောက်အဖေပါ။ သူ့ရဲ့ အရင်ဇနီးကတော့ တခြားသူမဟုတ်ပါဘူး။ မင်းသမီးချော Gwyneth Paltrow ပါ။ ဟောလိဝုဒ်ရဲ့ အညွှန့်အဖူးတွေကို ပိုင်ဆိုင်ခွင့်ရခဲ့သူဖြစ်ပြီး Chris ဟာ မင်းသမီးချော Jennifer Lawrence နဲ့လည်း တွဲခဲ့ဖူးပါတယ်။ Dakota ကတော့ (၂)နှစ်ကြာလက်တွဲခဲ့တဲ့ မော်ဒယ် Matthew Hitt နဲ့ (၂၀၁၆) တုန်းက လမ်းခွဲထားသူပါ။ အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ သူမရဲ့ Fifty Shades ဇာတ်ကားသစ် (၂၀၁၈) ဖေဖော်ဝါရီ(၉)ရက်နေ့မှာထွက်ရှိလာဖို့ ရှိပါတယ်။

from dailymail