စစ်တမ်းကောက်ယူမှုတွေအရ ကမ္ဘာပေါ်မှာ မိမိနဲ့ချွတ်စွပ်တူတဲ့လူ အနည်းဆုံး တစ်ယောက်ရှိတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ဟောလိဝုဒ်ဆယ်လီတွေနဲ့ ချွတ်စွပ်တူတဲ့ အပြင်လောကကလူတွေကို ယှဉ်တွဲဖော်ပြပေးလိုက်ပါတယ်။ ဘယ်သူက အစစ်ဆိုတာ ရုတ်တရက် ခွဲခြားမရအောင် မှင်သက်သွားမှာကတော့ အသေအချာပါပဲ။

Ryan Gosling

မင်းသားချော ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် Ryan Gosling နဲ့ ချွတ်စွပ်တူနေတဲ့သူကတော့ ဂျာမနီနိုင်ငံက ဥပဒေကျောင်းသား ဖက်ရှင်ဘလော့ဂ်ဂါ Johannes Laschet ပဲ ဖြစ်ပါတယ်။ နာမည်ကြီးဟောလိဝုဒ်မင်းသားနဲ့ ရုပ်ချင်းဆင်တူနေတဲ့အတွက် Johannes ဟာလည်း ကျော်ကြားလာခဲ့ပါတယ်။

Audrey Hepburn

ဟောလိဝုဒ်မင်းသမီးကြီး Audrey Hepburn နဲ့ ရုပ်ချင်းဆင်တူနေတဲ့ Charlotte Tighe ကတော့ ခေတ်ဟောင်း စတိုင်လ်တွေ ၀တ်ဆင်ဖို့ အာသာပြင်းပြသူ ဖြစ်ပါတယ်။

Ariana Grande

Jacky Vasquez ဟာလည်း နာမည်ကြီးပေါ့ပ်အဆိုတော် Ariana Grande နဲ့ မကြာခဏ အမှားခံရသူ ဖြစ်ပါတယ်။ သူမသွားလေရာနေရာတိုင်းမှာ Ariana ပရိသတ်တွေရဲ့ မကြာခဏ အမှတ်တရ လက်မှတ်တောင်းခံခြင်းကို ခံရသူ ဖြစ်ပါတယ်။

Katy Perry

Katy Perry နဲ့ ရုပ်အလွန်တူနေတဲ့ Francesca Brown ကိုတော့ Katy ရဲ့ အမာခံပရိသတ်တွေကတောင်မှ ရုတ်တရက် အတုအစစ် မခွဲနိုင်တာမျိုး ဖြစ်ပျက်ခဲ့ပါတယ်။ Francesca ရဲ့ ရည်မှန်းချက်ကတော့ သရုပ်ဆောင် တစ်ယောက်ဖြစ်ဖို့ဖြစ်ပြီး အခုလိုနာမည်ကျော်တစ်ယောက်နဲ့ ရုပ်ချင်းတူနေတဲ့အတွက် သူမရည်မှန်းချက်ကို မထိခိုက်နိုင် ဘူးလို့ မျှော်လင့်နေသူလည်း ဖြစ်ပါတယ်။

Cara Delevingne

Olivia Herdt ရဲ့ မျက်ခုံးမွေးထူထူနဲ့ မျက်နှာအစိတ်အပိုင်း တော်တော်များများဟာ နာမည်ကျော်မော်ဒယ်လ် Cara Delevingne နဲ့ ဆင်တူနေတာကို တွေ့ရပါတယ်။ သူမကတော့ ဥရုဂွေးနိုင်ငံမှာ နေထိုင်ပြီး ယောဂလေ့ကျင့်ခန်းနဲ့ ပတ်သက်တဲ့ သူမကိုယ်ပိုင် YouTube Channel တစ်ခု ထုတ်လွှင့်လျက် ရှိပါတယ်။

Megan Fox
ဘရာဇီးမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ Claudia Alende ကတော့ ကမ္ဘာကျော်မော်ဒယ်လ် Megan Fox ထက် မလျော့တဲ့ ဆွဲဆောင်မှုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

Taylor Swift

နာမည်ကျော်အဆိုတော် Taylor Swift နဲ့ အလွန်တရာမှ ဆင်တူနေတဲ့ မိန်းကလေးကတော့ အမေရိကန်ပြည်ထောင် စု၊ Kansas မှာ နေထိုင်ပါတယ်။ April Gloria လို့ အမည်ရတဲ့ ဒီကောင်မလေးကတော့ နာမည်ကြီး Cosplayer (နာမည်ကြီး ဇာတ်ရုပ်များအတိုင်း ပြင်ဆင်ဝတ်စားခြင်း) တစ်ယောက်ဖြစ်ပါတယ်။

Ed Sheeran

နာမည်ကြီးအဆိုတော် Ed Sheeran နဲ့ တစ်ထပ်တည်းတူနေတဲ့သူကတော့ Ty Jones ဆိုသူဖြစ်ပြီး သူ့ရဲ့ instagram မှာ သူ့ကိုယ်သူ “Ed’s evil twin”လို့ အမည်ပေးထားပါတယ်။

Emma Watson

Harry Potter ဇာတ်ကားထဲက သရုပ်ဆောင်မင်းသမီးချောလေး Emma Watson နဲ့ လွန်စွာမှ ဆင်တူနေသူလေး ကတော့ Megan Flockhart ဖြစ်ပါတယ်။ Megan ဟာ ဗြိတိသျှဘလော့ဂ်ဂါတစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကောင် အမျိုးမျိုးရဲ့ ဇာတ်ရုပ်တွေနဲ့တူအောင် ပြင်ဆင်ဝတ်စားရတဲ့ cosplay လုပ်ခြင်းကို ၀ါသနာထုံသူ ဖြစ်ပါတယ်။ သူမပြုလုပ်ခဲ့တဲ့ cosplay တွေထဲမှာ Harry Potter ဇာတ်ကားထဲက Emma Watson ရဲ့ ဇာတ်ရုပ်နေရာဖြစ်တဲ့ Hermione Granger cosplay ဟာ အလွန်နာမည်ကြီးခဲ့ပါတယ်။

Miley Cyrus

နာမည်ကျော်အဆိုတော် Miley Cyrus နဲ့ ရုပ်ချင်းတူနေတဲ့ သူမကတော့ သူမရဲ့ရဲရင့်တောက်ပတဲ့ စတိုင်လ်တွေ ကြောင့် instagram မှာ follower သုံးသောင်းကျော် ရရှိထားသူ ဖြစ်ပါတယ်။

Selena Gomez

နာမည်ကျော်အဆိုတော် Selena Gomez နဲ့ ရုပ်ချင်းဆင်တူနေသူလေးကတော့ မလေးရှားက မော်ဒယ်လ်လေးပဲ ဖြစ်ပါတယ်။ နာမည်ကြီးအဆိုတော်တစ်ယောက်နဲ့ ရုပ်ချင်းတူနေပေမယ့် ထိုအရှိန်အ၀ါကြောင့် နာမည်ကြီးလာခဲ့သူ မဟုတ်ဘဲ သူမကိုယ်ပိုင် လမ်းကြောင်းကို လျှောက်လှမ်းနေကာ သူမရဲ့ပြည်တွင်းမှာပဲ ရုပ်ရှင်ဇာတ်ကားတွေ စတင်ရိုက် ကူးနေသူလည်း ဖြစ်ပါတယ်။

Adele

Ellinor Hellborg ဟာ ဆွီဒင်နိုင်ငံက beauty blogger ဖြစ်ပါတယ်။ သူမရဲ့ဓာတ်ပုံတွေကို instagram မှာ တင်လိုက်တယ်ဆိုရင်ပဲ တစ်ခဏအတွင်းမှာ ပျံ့နှံ့သွားခဲ့ပြီး follower တွေက သူမကို နာမည်ကျော်အဆိုတော် Adele ရဲ့ အမွှာလို့ ကင်ပွန်းတပ်ခဲ့ကြပါတယ်။

Leonardo DiCaprio

နာမည်ကြီးမင်းသား Leonardo နဲ့ အမွှာလို့ထင်ရလောက်အောင် ရုပ်ဆင်နေသူကတော့ ဆွီဒင်နိုင်ငံက စကိတ်ဘုတ် အားကစားပြုလုပ်သူ မော်ဒယ်လ်တစ်ယောက် ဖြစ်ပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က Titanic ရုပ်ရှင်ကို ပြန်ရိုက်ချင်တယ်ဆိုရင်တော့ Jack ဇာတ်ကောင်အတွက် လူရှာနေစရာ မလိုတော့ဘူးလို့ ပရိသတ်တွေက ဆိုကြပါ တယ်။

Britney Spears

Michaela Weeks ကတော့ ပေါ့ပ်စတား Britney Spears ရဲ့ တရားဝင်ကိုယ်ပွား ဖြစ်ပါတယ်။

Kit Harington

နာမည်ကျော် ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Game of Thrones ဇာတ်လမ်းတွဲထဲက သရုပ်ဆောင်မင်းသား Kit Harington နဲ့ တူတဲ့လူ နှစ်ယောက်ရှိပါတယ်။ တစ်ယောက်ကတော့ မင်းသားလိုမျိုးပဲ ဒိုင်းယားကြောင်လေး မွေးထား ပြီး နောက်တစ်ယောက်ကတော့ စတိုးဆိုင်တစ်ခုမှာ အလုပ်လုပ်ပါတယ်။

Arnold Schwarzenegger

ဂန္ထ၀င်မင်းသားကြီး အာနိုးနဲ့ ရုပ်ချင်းဆင်တူနေသူကတော့ အသားအရောင်ချင်းပါ ကွဲပြားနေသူတစ်ယောက် ဖြစ်နေပါ တယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။