အဆိုတော် Miley Cyrus ဟာ Britney Spears ရဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Gimme More ကို အောက်တိုဘာ၁၆ ရက် သောကြာနေ့တုန်းကပြုလုပ်ခဲ့တဲ့ MTV Unplugged မှာ cover ပြန်ဆိုခဲ့တယ်လို့ eonline သတင်းစာမျက်နှာအရ သိရပါတယ်။

Miley ဟာ မြင်းကျားကွက်ဒီဇိုင်းဝတ်စုံနဲ့လိုက်ဖက်စွာပဲ တံတောင်ဆစ်ထိရှည်လျားတဲ့လက်အိတ်၊ အဖြူရောင်ကိုင်းနဲ့ နေကာမျက်မှန်တို့ကိုဝတ်ဆင်ထားခဲ့တာဖြစ်ပါတယ်။ သူမသီဆိုရာ စတိတ်နောက်ခံကိုတော့ တောအုပ်ပုံစံလိုမျိုး ပန်းပွင့်တွေသစ်ခက်တွေနဲ့ တွေ့ရပါတယ်။ Miley အတွက် တီးခတ်ပေးနေကြတဲ့ တူရိယာသမားတွေကတော့ face mask တွေကိုဝတ်ထားပါတယ်။

ဒီ MTV အပိုင်းတွဲကိုတော့ နယူးယောက်တို့နဲ့ လော့စ်အင်ဂျလိစ်တို့မှာ လေလှိုင်းကနေ ထုတ်လွှင့်ပြသခဲ့တယ်ဆိုပါတယ်။ MTV မှာတော့ Miley ဟာ သူမရဲ့ညီမငယ် Noah Cyrus နဲ့လည်း I Got So High That I Saw Jesus အမည်ရတဲ့ သီချင်းကိုသီဆိုခဲ့ပါတယ်။

Miley ဟာ သြဂုတ်လမှာတော့ ၁၀လကြာတွဲခဲ့တဲ့ သြစတေးလျအဆိုတော် Cody Simpson နဲ့ လမ်းခွဲခဲ့ပါတယ်။ အခုဆို သူမက single တစ်ယောက်အဖြစ် ဘဝကိုဖြတ်သန်းနေပါတယ်။ “Cody က သူဟာ တခြားနေရာရောက်နေသလိုခံစားနေရတယ်၊ သူက single ပဲဖြစ်ချင်တယ်။ Miley ကတော့ သီချင်းအတွက်နဲ့ အလုပ်ရှုပ်နေရာကနေ သူတို့နှစ်ယောက်ပြတ်သွားတာ။” လို့ သတင်းဌာနတစ်ခုက E!News ကိုပြောပြပါတယ်။

Miley ရဲ့အချစ်ရေးကတော့ မကြာသေးခင်က နှစ်တွေအတွင်းတော်တော်များများ ပြောင်းလဲခဲ့ပါတယ်။ Miley နဲ့ ခင်ပွန်းဟောင်း Liam Hemsworth  တို့ဟာ အခုဆိုရင် လုံးဝကိုတစ်သီးတစ်ခြားစီ ဖြစ်လို့နေပါပြီ။ Miley ကတော့ အနာဂတ်မှာသူမခင်ပွန်းလောင်းနဲ့ထပ်တွေ့ခဲ့ရင် ပရိသတ်ကိုမဖုံးထားဘဲ အသိပေးမယ့်အကြောင်းဆိုပါသေးတယ်။ Miley ဟာ ပြီးခဲ့တဲ့သြဂုတ်လတုန်းကလည်း သူမရဲ့ လာမယ့်တေးသီချင်းအယ်လ်ဘမ် She is Miley Cyrus ထဲက Midnight Sky အမည်ရတဲ့ single သီချင်းတစ်ပုဒ်ထွက်ခဲ့ပါသေးတယ်။

CeleNow