ဆံပင်ရှည်မှလှတာဆိုတဲ့စကားဟာမမှန်ကြောင်း သက်သေပြလိုက်တဲ့ hollywood က ဆယ်လီမမတွေရှိပါတယ်။ သူတို့တွေကတော့ ဆံပင်တိုလေးတွေနဲ့ လုံးဝကို ငယ်ရွယ်နုပျိုပြီး ချစ်စရာကောင်းတဲ့ အသွင်ဆောင်နေကြပါတယ်။ ဘယ်သူတွေလဲဆိုတာကိုကြည့်ပြီး ကြိုက်တဲ့ကေတွေ့ရင် လိုက်ခုတ်လို့ရပါပြီနော်။

(၁) Katy Perry

သူမရဲ့ တိုတိုကပ်ကပ်နဲ့ မျက်နှာအလှပေါ်လွင်စေတဲ့ ဆံပင်ပုံစံဟာ ဆိုရင် တကယ်ကိုရေပန်းစားနေတာဖြစ်ပါတယ်။

(၂) Bella Hadid

လွတ်လပ်ငယ်ရွယ်တဲ့အသွင်နဲ့ ဆံပင်ပုံစံအသစ်ပြောင်းလိုက်တဲ့ သူမ။

(၃) Selena Gomez

ဆံပင်တိုလေးနဲ့ တစ်မျိုးလန်းနေပြန်တဲ့ Selena Gomez

(၄) Vanessa Hudgens

ကုပ်ပေါ်မှာဝဲကျပြီး အုံထူထူပုံစံမျိုးလေးနဲ့သူမ..

(၅) Emma Stone

ကြေးနီရောင်ဆံကေသာကို တိုတိုလေးညှပ်ပြီး အပြတ်လန်းနေတဲ့ သူမ။

(၆) Taylor Swift

ရှေ့ဆံပင်လေးချထားပြီး  ကုပ်ဝဲလေးညှပ်ပြီးနောက်မှာ ပိုနုသွားတဲ့ သူမ။

(၇) Kristen Stewart

ဖက်ရှင်တို့ရဲ့ ဘုရင်မလို့တင်စားရလောက်အောင် ဖက်ရှင်ပိုင်းမှာဆရာကျတဲ့သူမဟာလည်း အတိုလေးညှပ်ချလိုက်ပြန်ပါပြီ။

(၈) Kendall Jenner

မော်ဒယ်လ်လောကရဲ့ အအောင်မြင်ဆုံးဖြစ်သူ Kendall ဟာလည်း ဆံပင်တိုလေးနဲ့ တအားကို စတိုင်ကျနေပါတယ်။

Em Em(Celenow)