ခြောက်ပြစ်ကင်းသဲလဲစင်ဆိုတဲ့လူ ဒီကမ္ဘာပေါ်မှာ မရှိနိုင်ပါဘူးနော်။ အခုလည်း ဒီလိုပါပဲ။ တစ်ကမ္ဘာလုံးက ပရိသတ်တွေ ရဲ့ အားပေးချစ်ခင်မှုကို ခံရပြီး အောင်မြင်ကျော်ကြားလှတဲ့ ဟောလိဝုဒ်က အလှဆုံးအမျိုးသမီးတွေဟာ အပြင်ပန်း ကြည့်လိုက်တဲ့အခါမှာတော့ ပြစ်ချက်ရယ်လို့ တစ်စုံတစ်ရာမတွေ့ရဘဲ ပြီးပြည့်စုံနေတာကို တွေ့နိုင်ပါတယ်။ သို့သော်လည်း ၄င်းတို့ရဲ့ အတွင်းရေးကို စပ်စုကြည့်တဲ့အခါမှာတော့ အခြားပုံမှန်လူတွေလိုပဲ သူတို့မှာလည်း စိတ်အပန်း ဖြေတဲ့၊ မကောင်းတဲ့ အကျင့်ကလေးတွေ ရှိနေတာကို တွေ့ရပါတယ်။

၁။ Britney Spears နဲ့ Olivia Wilde

အကျင့်ဆိုး – လက်သည်းကိုက်ခြင်း။ ဒီအလှပဂေး အမျိုးသမီးနှစ်ယောက်မှာ တူညီတဲ့ အကျင့်ဆိုး ရှိကြပါတယ်။ ၄င်းတို့ နှစ်ဦးစလုံးဟာ ထိုအကျင့်ကို ၀န်ခံထားပြီး ထိန်းချုပ်နိုင်အောင် ကြိုးစားနေတယ်လို့လည်း ဆိုကြပါတယ်။ သို့ပေမယ့်လည်း သတိလက်လွတ် ဖြစ်သွားတာနဲ့ ဘယ်လိုထိန်းချုပ်မှုကမှ တိုးမပေါက်ကြတော့ပါဘူး။

၂။ Sarah Jessica Parker နဲ့ Halle Berry

 အကျင့်ဆိုး – နှုတ်ခမ်းကိုက်ခြင်းနဲ့ ပါးကိုက်ခြင်း။ Sarah Jessica Parker ဟာ သူမရဲ့ပါးကို အတွင်းဘက်က ပြန်ကိုက် ရတဲ့အကျင့်ကို လုံးဝမဖျောက်ဖျက်နိုင်သလို အမြဲတမ်း ပါးကို ကိုက်နေလေ့ ရှိပါတယ်။ Halle Berry ကတော့ နှုတ်ခမ်းကိုက်သူပါ။ သူမဟာ နှုတ်ခမ်းနီ အမြဲဆိုးပြီး ထိုအကျင့်ကို ဖျောက်နိုင်အောင် ကြိုးစားသော်လည်း အသိစိတ်လွတ် သွားတာနဲ့ မနားမနေ နှုတ်ခမ်းကို ကိုက်ပါတော့တယ်။

၃။ Rihanna နဲ့ Kylie Jenner

အကျင့်ဆိုး – လူမှုကွန်ယက် အလွန်အကျွံ စွဲလမ်းခြင်း။ Rihanna ဟာ လူမှုကွန်ယက်တွေမရှိဘဲနဲ့ အသက်မရှင်နိုင်သူ တစ်ယောက်ပါ။ စိတ်ပညာရှင်တွေကတော့ သူမရဲ့အပြုအမူတွေကို လေ့လာပြီး သူမဟာ နာမည်မကျော်ကြားတော့မှာကို စိုးရိမ်ကြောင့်ကြရင်းနဲ့ လူမှုကွန်ယက်တွေကို အသည်းအသန် စွဲလမ်းနေတယ်လို့ သုံးသပ်ထားကြပါတယ်။ Kylie Jenner ကတော့ လူမှုကွန်ယက်တွေဟာ သူမကို အလှအပ ပြုပြင်မှုတွေကို စွဲလမ်းသွားအောင် ပြုလုပ်ထားတယ်လို့ ၀န်ခံထားပါတယ်။ ဒါ့အပြင် လူမှုကွန်ယက်တွေဟာ သူမအတွက် အလွန်အရေးပါတယ်လို့လည်း ပြောထားပါသေးတယ်။

၎။ Barbra Streisand နဲ့ Mila Kunis

အကျင့်ဆိုး – အစားသောင်းကျန်းခြင်း။ Barbra Streisand ဟာ ဒိုးနတ်နဲ့ cereal အချိုတွေကို မရပ်မနား စားသောက် နိုင်သူဖြစ်ပြီး တစ်ခါတစ်ရံမှာ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ ပေါင်သုံးဆယ်ခန့် တက်လာအောင် စားသောက်နိုင် သူတစ်ဦး ဖြစ်ပါတယ်။ Mila Kunis ကတော့ ရုပ်ရှင်ရိုက်ကူးစဉ် ဇာတ်ရုပ်အတွက်သာ သွယ်လျနေအောင် ကြိုးစားသူ ဖြစ်ပြီး ပြီးသွားတာနဲ့ သူမကြိုက်တဲ့ တရုတ်အစားအစာတွေနဲ့ ဘာဂါတွေကို မထိန်းနိုင်၊မသိမ်းနိုင် စားသောက်ပါတော့ တယ်လို့ ၀န်ခံထားပါတယ်။

၅။ Lana Del Rey နဲ့ Katherine Heigl

အကျင့်ဆိုး – ဆေးသောက်ခြင်း။ Katherine Heigl ဟာ သူမရဲ့အကျင့်ဆိုးကို ဖျောက်နိုင်အောင် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း မပျက်နိုင်ဘဲ ပြန်လည်လုပ်မိနေသူ ဖြစ်ပါတယ်။ Lana Del Rey ကတော့ ကော်ဖီတစ်ခွက်နဲ့ ဆေးလိပ်တစ်လိပ် မပါဘဲ နေ့တစ်နေ့ကို အစမပြုနိုင်ဘူးလို့ ဆိုထားပါတယ်။ သို့ပေမယ့်လည်း သူမရဲ့အကျင့်ဆိုးဟာ သူမရဲ့အသံကို မထိခိုက်နိုင်တာကတော့ အလွန်အံ့သြစရာ ကောင်းပါတယ်။

၆။ Cameron Diaz နဲ့ Katy Perry

အကျင့်ဆိုး – အလွန်အကျွံ အသန့်အပြန့်ကြိုက်ခြင်း။ Cameron Diaz ဟာ မည်သည့်အရာကိုမဆို အလွယ်တကူ ရွံရှာ တတ်လွန်းသူဖြစ်ပြီး အများပိုင်နေရာများကို သွားတဲ့အခါ အဆင်မပြေ ဖြစ်လေ့ရှိပါတယ်။ သူမဟာ တံခါးလက်ကိုင်ကို ကိုင်ရမှာ ရွံတဲ့အတွက် တံခါးကို တံတောင်ဆစ်နဲ့သာ တွန်းဖွင့်လေ့ ရှိပါတယ်။ အလားတူပဲ Katy Perry ဟာလည်း သူမနဲ့အတူ သွားပွတ်တံ အချောင်းနှစ်ဆယ်လောက်ကို ဆောင်ထားလေ့ရှိပြီး တစ်နေ့ကို သွားခြောက်ကြိမ် တိုက်ပါတယ်။

၇။ Jessica Simpson နဲ့ Adele

အကျင့်ဆိုး – ပီကေ၀ါးခြင်း။ Adele ဟာ စင်ပေါ်မှာ ဖျော်ဖြေနေစဉ် သီချင်းတစ်ပုဒ်နဲ့ တစ်ပုဒ်ကြား နားတဲ့အချိန်မှာ ပီကေတွေ ပါးစပ်ထဲမှာ အပြည့်ထည့်တတ်သူ ဖြစ်ပါတယ်။ Jessica Simpson ကတော့ နီကိုတင်းပါတဲ့ ပီကေကို စွဲလမ်းနေသူ ဖြစ်ပါတယ်။ သူမရဲ့တမူထူးခြားတဲ့အကျင့်ကတော့ ဘယ်တုန်းကမှ ဆေးလိပ်မသောက်သော်လည်းပဲ ထိုနီကိုတင်းပါတဲ့ ပီကေကိုတော့ စွဲစွဲလမ်းလမ်း နှစ်ခြိုက်နေခြင်းပါပဲ။

၈။ Keira Knightley နဲ့ Helen Mirren

အကျင့်ဆိုး – ကျိန်ဆဲခြင်း။ Helen Mirren ဟာ သူမရဲ့စိတ်ခံစားချက်ကို မည်သည့်အခါမျှ ဖုန်းကွယ်လေ့မရှိဘဲ စိတ်ထဲမှာ ရှိတဲ့အတိုင်း ဘွင်းဘွင်းကြီး ပြောထည့်တတ်တဲ့ အကျင့်ရှိကာ စကားအရလည်း မထိန်းချုပ်တတ်တဲ့သူ ဖြစ်ပါတယ်။ မင်းသမီးချော Keira Knightley ကတော့ လေသံချိုချိုလေးနဲ့ ဆဲဆိုတတ်သူ ဖြစ်ပါတယ်။ ထိုမင်းသမီးနှစ်ယောက်လုံးဟာ ထိုအကျင့်ရှိပြီး သူတို့ပြောတဲ့ စကားထဲမှာ ဘယ်လိုစကားလုံးတွေ ပါသွားတယ်ဆိုတာတောင် သတိမထားမိတတ်ကြပါဘူး။

၉။ Victoria Beckham နဲ့ Christina Aguilera

အကျင့်ဆိုး – ဈေးဝယ်ခြင်း။ အ၀တ်အစားအတွက် တစ်နှစ်လျှင် ဒေါ်လာတစ်သိန်းခွဲခန့် သုံးလေ့ရှိတယ်လို့ Victoria Beckham က ၀န်ခံထားပါတယ်။ Victoria ဟာ သူမ ကြိုက်နှစ်သက်တဲ့ အ၀တ်အထည်တစ်ခုကို တွေ့တဲ့အခါ အရောင်စုံ၊ ဆိုဒ်စုံ ၀ယ်လေ့ရှိပါတယ်။ Christina ဟာလည်း ထူးမခြားနားပဲ ဖြစ်ပါတယ်။ သူမ ဈေးဝယ်တာ ပြတ်လပ်သွားတဲ့ အချိန်ရယ်လို့ မရှိဘူးလို့ ဆိုနိုင်ပါတယ်။

၁၀။ Jennifer Lopez နဲ့ Sofia Vergara

အကျင့်ဆိုး – ကော်ဖီ။ နုပျိုခြင်းရဲ့ လျှို့ဝှက်ချက်များလားလို့တောင် မေးယူရပါမယ်။ ထိုမင်းသမီးနှစ်ယောက်စလုံးဟာ တစ်နေ့ကို ကော်ဖီခွက်များစွာ သောက်သုံးတတ်ကြပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။