Hollywood ရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသားဟောင်းကြီး အာနိုးကိုတော့ မြန်မာနိုင်ငံက ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ အာနိုးကြီးဟာ နှလုံးရောဂါကို အချိန်တော်တော်ကြာ ခံစားနေခဲ့ရပြီး လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းက နှလုံးခွဲစိတ်မှုတစ်ခု ပြုလုပ်ခဲ့ရပါသေးတယ်။ အခုလည်း မကြာသေးခင်အချိန်တုန်းက အမေရိကန်နိုင်ငံ၊ Ohio ပြည်နယ်ရှိ Cleveland မြို့မှာ နှလုံးအဆို့ရှင် အစားထိုး ခွဲစိတ်မှုတစ်ခု ပြုလုပ်ခဲ့ရပြီး လက်ရှိအချိန်မှာတော့ အဆိုပါ အစားထိုး ခွဲစိတ်ကုသမှုမှာ အောင်မြင်ကြောင်း သူ့ရဲ့ ပရိသတ်တွေကို Twitter အကောင့်မှတစ်ဆင့် အသိပေးပြောကြားခဲ့ကြောင်း Fox news သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

ပုံထဲမှာ တွေ့ရတဲ့အတိုင်း အာနိုးကြီးဟာ Cleveland ဆေးခန်းတစ်ခုမှာ နှလုံးအဆို့ရှင် အစားထိုးကုသမှုခံယူပြီး ဆေးရုံမှာ နားနေတဲ့ ပုံဖြစ်ပါတယ်။ သူ့ပရိသတ်တွေ စိတ်မပူအောင် အစားထိုးခွဲစိတ်ကုသမှု ပြုလုပ်ပြီးပြီးချင်း ဆေးရုံမှာ နားနေတုန်း လက်မလေးထောင်ပြပြီး ဓာတ်ပုံအရိုက်ခံခဲ့တာ ဖြစ်ပါတယ်။ အစားထိုးခွဲစိတ်ကုသမှု မလုပ်ရသေးခင်အချိန်အထိ သူရဲ့ နှလုံးဟာ ကောင်းကောင်း အလုပ်မလုပ်နိုင်ပေမယ့် လက်ရှိ အစားထိုးခွဲစိတ်မှု ပြုလုပ်ပြီးတဲ့ အချိန်မှာတော့ နှလုံးဟာ ကောင်းကောင်းလေး အလုပ်လုပ်နေပြီး သူ့အနေနဲ့လည်း ဘာမှကို မခံစားရတော့ကြောင်း ပြောပြလာခဲ့ပါတယ်။

 

 

View this post on Instagram

 

Tune in right now to our @austrianworldsummit, the bigggest online climate conference in the world this year. Link in my bio

A post shared by Arnold Schwarzenegger (@schwarzenegger) on

“အစားထိုးခွဲစိတ်မှု မလုပ်ရသေးခင်အချိန်အထိက နှလုံးက ခဏခဏ အောင့်တယ်။ Cleveland clinic ဆရာဝန်တွေရဲ့ ကြိုးစားကုသပေးမှုကြောင့် အခုအချိန်မှာတော့ လူက တော်တော်လေးနေလို့ ကောင်းသွားခဲ့ပါပြီ။ Cleveland clinic က ဆရာဝန်တွေကို တစ်ကယ်လည်း ကျေးဇူးတင်သလို ကျွန်တော်ဆေးရုံတက်နေရတဲ့အချိန် ဆိုရှယ်မီဒီယာက သတင်းတွေ လာလာမေးနေကြတဲ့ ပရိသတ်တွေနဲ့ မိတ်ဆွေတွေကိုလည်း တစ်ကယ်ကျေးဇူးတင်ပါတယ်။ အခုဆိုရင်တော့ ကျွန်တော်ရဲ့ ကျန်းမာရေးက အရင်ကထက် တော်တော်လေးကို ကောင်းမွန်နေပြီး Clevelan မြို့ရဲ့ လမ်းတွေမှာရှိတဲ့ ရုပ်တုတွေကို လိုက်ကြည့်ပြီး လျှောက်လည်ပတ်နေပါတယ်”လို့ အာနိုးကြီးက ပြောကြားခဲ့ပါတယ်။

 

Pyi Hein Kyaw