သီချင်းတစ်ပုဒ် ဘယ်လောက် ပေါက်လဲ၊ မပေါက်ဘူးလဲဆိုတာ ယနေ့ခေတ်ရဲ့ စံချိန်စံနှုန်းတွေအရ Tiktok လိုမျိုး လူမှုကွန်ယက်တွေပေါ်မှာ ကြားရတာများလားဆိုတာနဲ့ ပတ်သက်ပြီး တိုင်းတာလို့ရနိုင်နေပါပြီ။
အခုလည်း လက်တလော Tiktok မှာ ဗီဒီယိုအလုပ်များနေတဲ့ သီချင်းတစ်ပုဒ်ရှိနေပါတယ်။ အဲဒါကတော့ “34+35” ဆိုတဲ့ သီချင်းလေးပါ။ အဆိုတော် Ariana Grande က သီဆိုထားပြီးတော့ ထွက်ထားလည်း သိပ်မကြာသေးပါဘူး။ နောက်ဆုံးထွက်ထားခဲ့တဲ့ album အသစ်ထဲမှာ ပါဝင်နေတာပါ။

သီချင်းလေးပဲ နားထောင်မယ်ဆိုရင် မြူးမြူးကြွကြွပုံစံမျိုးနဲ့ တော်တော်လေး လိုက်ကလို့ကောင်းတဲ့အထဲမှာ ပါဝင်နေပေမယ့်လို့ သီချင်းရဲ့ အဓိပ္ပာယ်ကို သေချာနားထောင်ကြည့်မယ်ဆိုရင်တော့ ထင်သလောက် မရိုးရှင်းဘူးဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ 34 နဲ့ 35 ကို ပေါင်းလိုက်မယ်ဆိုရင် 69 ဆိုတဲ့ ကဏန်းသွားရနေပါတယ်။ ဒီကဏန်းဟာ လိင်ကိစ္စတွေမှာ တင်စားပြီးသုံးကြတဲ့ ကဏန်းတစ်ခုဖြစ်နေတဲ့အပြင်ကိုမှ Ariana Grande ဆိုသွားခဲ့တဲ့ စာသားတွေရဲ့ အဓိပ္ပာယ်ဟာလည်း အဲဒီအဓိပ္ပာယ်တွေကို သွားရောက်နေခဲ့ပါတယ်။ ချစ်သူနဲ့ တစ်ညလုံး မီးကုန်ယမ်းကုန်ကဲမယ်ပေါ့လေ။
ပရိတ်သတ်တစ်ချို့ကတော့ Ariana Grande ကို ပုံစံသစ်တစ်မျိုးနဲ့ မြင်ခဲ့ရလို့ သိပ်ပြီး မကြိုက်ကြပေမယ့်လို့ ဒီလို လိင်အသားပေးသီချင်းကို မရိုင်းအောင်ဆိုသွားခဲ့တဲ့ Ariana Grande ကို ချီးကျူးနေကြတဲ့လူတွေလည်းရှိလို့နေပါတယ်။ ဒါလေးကတော့ Ariana Grande ရဲ့ 34+35 ဆိုတဲ့ သီချင်းလေးပါပဲ။ စာသားတွေကို သေချာနားထောင်နော်။
penny