BIGBANG အဖွဲ့ဝင် G-Dragon ကတော့ ဆိုးလ်မှာရှိတဲ့ အဆောက်အအုံကြီးတစ်ခုကို ၀ယ်ယူ လိုက်ပါတယ်။ သူဝယ်ယူလိုက်တဲ့ အဆောက်အအုံကြီးကတော့ Cheongdam  မှာ တည်ရှိတာပါ။ Cheongdam  ဘူတာရုံနဲ့  ငါးမိနစ်လောက်ပဲ ဝေးပါတယ်။ ဆိုးလ်ရဲ့ တကယ့် အဓိက အချက်အချာ နေရာမှာ တည်ရှိနေတာပါ။

pinterest
pinterest

အဆောက်အအုံကြီးရဲ့ တန်ဖိုးကတော့ ကိုရီးယားဝမ်ငွေ (၉)ဘီလီယံ၊အမေရိကန်ဒေါ်လာ (၈.၃) သန်း တန်ကြေးရှိပါတယ်။ (၆)ထပ်အဆောက်အအုံကြီးဖြစ်ပြီး  (၁၁၀၀၀) စတုရန်းပေ ကျယ်ဝန်းပါတယ်။ ဖန်ပြူတင်းပေါက်တွေရှိပြီး  View ကောင်း၊ မြင်ကွင်းရှင်းလင်းတဲ့ အဆောက်အအုံကြီးပါ။ ခေတ်မီတဲ့ အဆောက်အအုံကြီးဖြစ်ပြီး အနီးအနားမှာ ရှိနေတဲ့ အိမ်နီးချင်းတွေကတော့ G-Dragon ရဲ့ အမိုက်စားအိမ်ကြီးကို ကြည့်ချင် မြင်ချင်နေကြပါတယ်။ G-Dragon ရဲ့ အမိုက်စားအဆောက်အအုံကြီးရဲ့ ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

koreaboo
koreaboo
koreaboo

G-Dragon ကတော့ အတော်လေးကို စီးပွားရေးအကွက်မြင်တဲ့ Idol တစ်ယောက်ပါ။ Jeju ကျွန်းမှာ  ဖေဖော်ဝါရီ (၂၅)ရက်နေ့က Untitled 2017′ ဆိုတဲ့ Cafe ဆိုင်ဖွင့်ခဲ့ပါတယ်။ စစ်မှုထမ်း မသွားခင် ရက်ပိုင်းလေး အလိုမှာ ဆိုင်ဖွင့်သွားခဲ့ပါတယ်။

kstarlive
kstarlive

From koreaboo