ပြီးခဲ့တဲ့အပတ်တုန်းက Enola Holmes ဆိုတဲ့ ရုပ်ရှင်လေးတစ်ကား Netflix မှာ တင်ခဲ့ပါတယ်။ Enola Holmes ဆိုတာ Sherlock Holmes ရဲ့ ၁၆ နှစ်အရွယ် ညီမလေးကို ရည်ညွှန်းတာပါ။ ဆိုတော့ ဒီဇာတ်လမ်းလေးက Sherlock Holmes အကြောင်းကို အဓိကရိုက်ကူးထားတာမဟုတ်ဘဲ သူ့ရဲ့ ညီမ Enola Holmes ရဲ့ အကြောင်းလေးပေါ့။

Netflix

Sherlock Holmes နေရာမှာတော့ Superman မင်းသား Henry Cavill က သရုပ်ဆောင်ထားခဲ့ပြီး Enola Holmes နေရာကိုတော့ Millie Bobby Brown က သရုပ်ဆောင်ထားခဲ့တာပါ။ တခြားသောသရုပ်ဆောင်တွေဖြစ်တဲ့ Sam Claffin က Mycroft Holmes အဖြစ်လည်းကောင်း၊ မင်းသမီးနဲ့အတွဲဖြစ်တဲ့ Sir Tewkesbury နေရာမှာတော့ ဗြိတိန်မျက်နှာသစ်မင်းသားလေးဖြစ်တဲ့ Louis Partridge ကလည်းကောင်း၊ ဝါရင့်မင်းသမီးကြီးဖြစ်တဲ့ Helena Bonham ကတော့ Eudoria Holmes အဖြစ်လည်းကောင်း ပါဝင်ထားခဲ့ကြပါတယ်။

Netflix

ရုပ်ရှင်ဟာလည်း Netflix မှာ တင်ထားပြီဖြစ်တာကြောင့် ကြည့်နိုင်နေပြီဖြစ်သလိုပဲ တစ်ဖက်မှာလည်း ဗီဒီယိုတစ်ခုထွက်လာခဲ့ပါတယ်။ Henry Cavill ကိုယ်တိုင် သူ့ရဲ့ Facebook မှာ တင်ထားတဲ့ behind the scene ဗီဒီယိုပါ။ Enola Holmes ဟာ စုံထောက် အက်ရှင်ကားတစ်ကားဖြစ်ပေမယ့်လို့ ရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုတွေထဲမှာတော့ ပါးစပ်မစေ့ရအောင်ကို ရယ်ရတဲ့ အခိုက်အတန့်တွေ ပါဝင်နေခဲ့ပါတယ်။

ဗီဒီယိုစစချင်းမှာပဲ ပျိုမေတို့ရဲ့ အသည်းစွဲ မင်းသားအသစ်လေး Louis Partridge ရဲ့ အလွဲလေးနဲ့စတင်ထားခဲ့ပါတယ်။ ပြူတင်းပေါက်ကနေ ခုန်ချရမယ့်အခန်းမှာ ပြူတင်းပေါက်ဘောင်နဲ့ ခေါင်းနဲ့မှ တိုက်မိရတယ်လို့။ နောက် မင်းသားကြီး Henry Cavill ကလည်း သူရဲ့ နှဖူးမှာ ဆံပင်လေးခွေခွေလေးကျနေတာကို သပ်သပ်တင်နေတာ မပြီးတော့ဘူး။ အဲဒီပုံကြည့်ရတာ Superman တောင် သတိရသွားတယ်။ အကဲဆုံးကတော့ ၁၆ နှစ်မင်းသမီးလေး Millie Bobby Brown ပါပဲ။ ရိုက်ကွင်းကာလတစ်လျှောက်လုံး မျက်နှာပိုးမသတ်နိုင်အောင်ရယ်မောပြီး လျှောက်ကနေတာများချစ်စရာလေး။

Netflix

ကဲ.. ပြောနေတာကြာပါတယ်။ ဗီဒီယိုလေးကို အတူတူကြည့်ရင်း ရယ်လိုက်ကြရအောင်။

Enola Holmes Bloopers

#EnolaHolmesNetflix

Posted by Henry Cavill on Monday, September 28, 2020

penny