ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ အသည်းစွဲမင်းသားတစ်ဦးဖြစ်တဲ့ ဟိန်းဝေယံကတော့ အလှူအတန်းရက်ရောတဲ့ သူတစ်ယောက်ဖြစ်တဲ့အပြင် ဘာသာတရားကိုင်းရှိုင်းတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ အခုလည်း အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို သူရဲ့ အိမ်မှာ မိသားစုဝင်တွေနဲ့ အတူတူ ငါးရက်တိုင်တိုင် ကျင်းပသွားမယ်လို့ ဆိုပါတယ်။

မဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲကိုတော့ ဖေဖေါ်ဝါရီလ (၄)ရက်နေ့ကတည်းက ပြုလုပ်ကျင်းပနေတာဖြစ်ပြီး ယနေ့ဆိုရင်တော့ သုံးရက်တောင်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တကယ်ကို ပီတိဖြစ်စရာကောင်းလွန်းပါတယ်။ မင်းသား ဟိန်းဝေယံကတော့ လတ်တလောမှာ သူ့ရဲ့ ပရိသတ်တွေနဲ့ အတူ “ငွေကြယ်ပွင့်ဟိန်းဝေယံ”ဆိုတဲ့ နာမည်နဲ့လည်း ပရဟိတတွေကို လိုက်လံ ဆောင်ရွက်လျက်ရှိပါတယ်။

မင်းသားဟိန်းဝေယံကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိထားတဲ့ ပရိသတ်အသိအမှတ်ပြုတဲ့ မင်းသားတစ်ဦးဖြစ်ပြီး အနုပညာအလုပ်တွေကိုလည်း ပရိသတ်တွေအတွက် ကြိုးစားလုပ်ကိုင်လျက်ရှိပါတယ်။

Source: Heinn Wai Yan