ဒီအထက်တန်းကျောင်းသားလေး ကတော့ Park Bo Gumလာလို့ အထင်မှားရလောက်အောင် Park Bo Gumနဲ့တူလွန်းပါတယ်။ သူ့ရဲ့ နာမည်ကတော့ Kim Min Seoဖြစ်ပြီး  အသက် (၁၇)နှစ်ပဲရှိသေးတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။

သူကတော့ အင်စတာဂရမ်မှာလည်း Follower ပေါင်း (၁)သောင်းခွဲကျော် ရှိပါတယ်။ Park Bo Gumနဲ့ တူလွန်းတဲ့ သူ့ရဲ့ ရုပ်ရည်ကြောင့် အင်တာနက်ပေါ်မှာလည်း တော်တော်လေး ရေပန်းစားတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ ဘူဆန်မှာ ရှိတဲ့ Sindoအထက်တန်းကျောင်းမှာ တက်ရောက်နေတဲ့ အထက်တန်းကျောင်းသားလေး တစ်ယောက်ဖြစ်ပါတယ်။

သူ့ရဲ့ သူငယ်ချင်းတွေနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ကြည့်လိုက်ရင်တော့ Park Bo Gum လားလို့တောင် အထင်မှားစရာပါ။ သူ့ရဲ့ အိမ်မှာရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကို ကြည့်ရင်လည်း Kim Min Seo ရဲ့ ရုပ်ရည်ဟာ Park Bo Gum နဲ့ တော်တော်လေးကို တူတယ်ဆိုတာ တွေ့ရမှာပါ။

Park Bo Gumရဲ့ အမြွှာအလား အထင်မှားရတဲ့ ကောင်လေးတက်တဲ့ အထက်တန်းကျောင်းဖြစ်တဲ့ Sindo အထက်တန်းကျောင်းရဲ့ ဖေ့စ်ဘုတ်ပေဂ်ျ့မှာတော့ Kim Min Seo အကြောင်းကို မေးတဲ့သူတွေနဲ့ ရောက်ရက်ကို ခက်နေရောပါပဲ။ Kim Min Seoရဲ့ အင်စတာဂရမ် အကောင့်ကတော့ kms02.02 ဖြစ်ပါတယ်။

Source: Koreaboo