2PM ရဲ့ အဖွဲ့ဝင်ဟောင်း Jay Park ကတော့ အောင်မြင်တဲ့ ကမ္ဘာကျော်စတားတစ်ယောက် ဖြစ်နေပါပြီ။ သူကတော့ 2PM အဖွဲ့ကထွက်ပြီးနောက်မှာ AOMG ဆိုတဲ့ ရက်ပါတွေနဲ့ စုစည်းထားတဲ့ Music Label တစ်ခုကို တည်ထောင်ခဲ့ပြီး အာရှမှာသာမက အနောက်တိုင်းမှာပါ အောင်မြင်တဲ့ ရက်ပ်အဆိုတော်တစ်ယောက်ဖြစ်နေပါပြီ။ ဒါ့အပြင် Aisa Got Talent ဆိုတဲ့ အစီအစဉ်ကြီးမှာလည်း ဒိုင်အဖြစ်ပါဝင် ဆောင်ရွက်ခဲ့ပါသေးတယ်။

လတ်တလောမှာတော့ အမေရိကားရဲ့ နာမည်ကျော် ရက်ပ်ပါတစ်ယောက်ဖြစ်တဲ့ Jay-Z ရဲ့ Roc Nation နဲ့ စာချုပ်ချုပ်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် Jay Park ဟာ Grammy ဆုပေးပွဲအကြိုပါတီပွဲကိုလည်း ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။ ဒီပွဲကို တက်ရောက်ခဲ့တဲ့ Jay Park ကတော့ ပွဲကိုတက်ရောက်လာကြတဲ့ ကမ္ဘာကျော်အနုပညာရှင်တွေနဲ့လည်း ဓါတ်ပုံတွေ ရိုက်ခဲ့ပြီး သူ့ရဲ့ အင်စတာရမ်မှာ တင်ထားပါသေးတယ်။ Beyonce, Jaden Smith, Big Sean တို့အပြင် အခြားသော အနုပညာရှင်များစွာနဲ့ ဓါတ်ပုံတွေ ရိုက်ခဲ့တာဖြစ်ပါတယ်။

Jay Park ဟာ 2PM အဖွဲ့ကနေ နှုတ်ထွက်ပြီးနောက်မှာ များပြားလှတဲ့ မကောင်းတဲ့ ဝေဖန်ချက်တွေကို ရရှိခဲ့ပြီး Jay Park ဟာ အနုပညာရှင်ဘဝမှာ ဆက်လက်ရပ်တည်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ မှတ်ချက်တွေလည်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုအချိန်မှာတော့ Jay Park ဟာ အနုပညာလောကမှာ နေရာတစ်နေရာ ရရှိပြီး အောင်မြင်မှုတွေရရှိနေတဲ့ ကမ္ဘာကျော် ရက်ပ်အဆိုတော်တစ်ယောက် ဖြစ်နေပါပြီ။

Source: Kstarlive