မြန်မာပရိသတ်တွေကြားမှာ ဖိလစ်ပိုင်ရုပ်ရှင်ဇာတ်လမ်းတွဲတွေ ရေပန်းစားခဲ့တာ အတော်ကြာပါပြီ။ ဖိလစ်ပိုင်မင်းသားတွေက ရုပ်ရည်ချောကြတဲ့အပြင် သရုပ်ဆောင်မှုမှာလည်း ပီပြင်ကြပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ မင်းသားချောတွေကတော့ ဖိလစ်ပိုင်ပရိသတ်တွေရဲ့ အချစ်တော်တွေဖြစ်ရုံသာမက မြန်မာပရိသတ်တွေရဲ့ အသည်းတွေကိုပါ ပိုင်ဆိုင်ထားကြသူတွေ ဖြစ်ပါတယ်။

(၁) Enrique Gil 

ဖိလစ်ပိုင်ရဲ့ မင်းသားချော Enrique Gil ဟာ (၁၉၉၂)ခုနှစ်၊ မတ် (၃၀)မှာ မွေးဖွားသူဖြစ်ပါတယ်။ အသက် (၂၆) နှစ်ရှိပါပြီ။ နာမည်အပြည့်အစုံကတော့ Enrique Mari Bacay Gil ဖြစ်ပြီး သူ့ရဲ့ အရပ်အမြင့်ကတော့ (၁.၇၈) မီတာပဲဖြစ်ပါတယ်။ မွေးချင်းမောင်နှမ နှစ်ယောက်ရှိပါတယ်။ သူကတော့ မြန်မာပရိသတ်တွေရဲ့ အသည်းကျော်တစ်ယောက်ပဲဖြစ်ပါတယ်။

(၂) Daniel Padilla

သရုပ်ဆောင် မင်းသားချော Daniel Padilla က ၁၉၉၅ ခုနှစ်၊ ဧပြီ (၂၆) မှာ မွေးဖွားသူဖြစ်ပြီး အသက်က (၂၃) ပဲရှိပါသေးတယ်။ သူရဲ့နာမည် အပြည့်အစုံကတော့  Daniel John Ford Padilla ဖြစ် ပါတယ်။ မွေးချင်းမောင်နှမ (၈)ယောက်ရှိပါတယ်။ သူကတော့ ဖိလစ်ပိုင်မှာရော မြန်မာမှာပါ ရေပန်းစားနေတဲ့ မင်းသားပဲဖြစ်ပါတယ်။ 

(၃) James Reid

အဆိုတော်၊ မင်းသားချောဖြစ်တဲ့ James Reid က အသက် (၂၅)နှစ်ရှိပြီး ၁၉၉၃ ၊ မေ (၁၁)ရက်နေ့မှာ မွေးဖွားခဲ့သူပါ။ သူရဲ့ချစ်သူကောင်မလေးက Nadine Lustre ဖြစ်ပြီး သူတို့နှစ်ယောက်ကတော့ (၂၀၁၅) ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ သူတို့ ချစ်သူနှစ်ယောက်က မြန်မာပရိသတ်တွေကြားမှာလည်း ရေပန်းစားနေပါတယ်။

(၄) Coco Martin

Coco Martin က အသက် (၃၆) နှစ်ရှိပြီဖြစ်ပြီး (၁၉၈၁) ခုနှစ်ဖွား ဖြစ်ပါတယ်။ သူ့နာမည်အပြည့်အစုံက Rodel Pacheco Nacianceno ဖြစ်ပါတယ်။ ဖိလစ်ပိုင် ဇာတ်လမ်းတွဲတော်တော်များများမှာ သူပါဝင်သရုပ်ဆောင်ထားတာတွေ့ရပြီး ပရိသတ်အခိုင်အမာ ရရှိထားပါတယ်။

(၅) Xian Lim

မင်းသားချောလေး ဖြစ်တဲ့ Xian Lim က အသက် (၂၉) နှစ်ရှိပြီး ဇူလိုင် (၁၂)ရက်၊ ၁၉၈၉ မှာ မွေးဖွားသူ ဖြစ်ပါတယ်။  သူရဲ့ နာမည်အရှည်ကတော့ Alexander Xian Cruz Lim-Uy ဖြစ်ပါတယ်။ သူကတော့ ‘Must Date the Playboy” ဇာတ်လမ်းမှာ သရုပ်ဆောင်ခဲ့ပါတယ်။

source : google