မင်းသမီး Han Ye Seulကတော့ သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ ပေါက်နေတဲ့ အဆီခဲဖုကို ဖယ်ရှားပစ်ဖို့အတွက် ခွဲစိတ်ကုသမှုတစ်ခုခံယူခဲ့ပါတယ်။ ဒါပေမဲ့ ခွဲစိတ်မှုမှာ အမှားအယွင်းတွေရှိခဲ့တဲ့ အတွက်ကြောင့် အဲဒီအကျိုးဆက်တွေကို ခံစားနေရတဲ့ အကြောင်းကို သူမရဲ့ အင်စတာရမ်မှာ တင်ပြီး ပြောပြခဲ့တာဖြစ်ပါတယ်။

Han Ye Seulကတော့ ချုပ်ရာတွေနဲ့ တွေ့ရတဲ့ သူမရဲ့ ကိုယ်ပေါ်က ခွဲစိတ်ဒဏ်ရာကို ဓါတ်ပုံရိုက်ပြီး တင်ထားတာဖြစ်ပါတယ်။ ခွဲစိတ်ကုသပြီးတာ (၂)ပတ်ကြာခဲ့ပြီ ဖြစ်ပေမဲ့ ဆေးရုံကနေ ခွဲစိတ်မှု မှားယွင်းတာအတွက် ဘာမှပြန်လည်ပြီးတော့ ဆောင်ရွက်ပေးခြင်း မရှိခဲ့ဘူးလို့ သူမက အင်စတာဂရမ်ပေါ်မှာ ရေးသားခဲ့ပါသေးတယ်။

ဒါကတော့ ခွဲစိတ်ဒဏ်ရာရဲ့ အခြေအနေကို ဒီနေ့ရိုက်ထားတဲ့ ဓါတ်ပုံဖြစ်ပါတယ်

လောလောလတ်လတ်မှာတော့ သူမဟာ ခွဲစိတ်မှုမှားယွင်းခြင်းရဲ့ အကျိုးဆက်ဒဏ်ရာတွေကို နေ့တိုင်းကုသနေရပြီး ဒီအဖြစ်အပျက်ကြောင့်လည်း အရမ်းကို စိတ်မကောင်းဖြစ်နေရတယ်လို့ Han Ye Seulက ဖွင့်ဟခဲ့ပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်ကလည်း အဖြစ်အပျက်တစ်ခုကြောင့် အရမ်းစိတ်ညစ်နေလို့ ဆံပင်ညှပ်လိုက်တဲ့ အကြောင်းကိုလည်း အင်စတာဂရမ်ပေါ်မှာ ပိုစ့်တင်ခဲ့ပါသေးတယ်။

ပရိသတ်တွေကတော့ ဒီပိုစ့်ဟာ ခွဲစိတ်မှုပြဿနာကြောင့် ဆိုတာကိုသိသွားတဲ့နောက်မှာတော့ သူမရဲ့ အင်စတာဂရမ်ပေါ်မှာ အားပေးတဲ့ ကွန်းမန့်တွေအများကြီး ရေးပြီး စိတ်ဒုက္ခရောက်နေရှာတဲ့ Han Ye Seulကို အားပေးခဲ့ကြပါတယ်။

Source: Koreaboo