ပရိသတ်တွေ ချစ်ကြတဲ့ အဆိုတော်၊ မော်ဒယ်မလေး ဟန်သီနဲ့ လူငယ်ပရိသတ် တော်တော်များများရဲ့ အားပေးမှုကို ရရှိနေတဲ့ အဆိုတော် X-Box တို့ကတော့ တရုတ်ပြည်ကို ဇန်နဝါရီလ (၁၅)ရက်မှာ ရောက်ရှိနေခဲ့ပြီး Oppo ဖုန်းအတွက် ကြော်ငြာရိုက်ကူးဖို့ ရောက်ရှိနေတာလို့ သိရပါတယ်။

Oppo အတွက် ကြော်ငြာရိုက်ကူးနေတဲ့ ရိုက်ကွင်းနောက်ကွယ်က ဓါတ်ပုံလေးတွေကိုတော့ ဟန်သီနဲ့ X-Box တို့က သူတို့ရဲ့ ဖေ့စ်ဘုတ်မှာ တင်ထားတာဖြစ်ပါတယ်။

Source: Han Thi, Ye Gaung Phoo