သရုပ်ဆောင် Han So Hee နဲ့ Song Kang In တို့ကတော့ ဇာတ်လမ်းတစ်ခုတည်းမှာ တွဲမြင်ရတော့မှာ ဖြစ်ပါတယ်လို့ soompi ကနေ ရေးသားထားခဲ့ပါတယ်။

ဇာတ်လမ်းတွဲ အမည်ကတော့ “I Know But..” လို့ webtoon အမည်အတိုင်း ယာယီပေးထားပါတယ်။ ဒီဇာတ်လမ်းလေးကတော့ တကယ့်ကို ထူးခြားပါတယ်။ အချစ်ကို မယုံကြည်ပေမယ့် ချစ်သူရချင်နေတဲ့ Na Bi ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ချစ်သူထားတာ ပျင်းဖို့ကောင်းလို့ အမြဲ အပျော်တွဲချင်နေတတ်တဲ့ Jae Eon ဆိုတဲ့ ကောင်လေးတို့ အကြောင်းဖြစ်ပြီး တကယ့်ကို သဘောကျစရာ ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ခု ဖြစ်ပါတယ်။

 

ဒီဇာတ်လမ်းကိုတော့ Vampire Detective နဲ့ Devilish Joy စတဲ့ ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Kim Ga Ram က ရိုက်ကူးမှာ ဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုတော့ Web drama “Dating Class” ကို ရေးသားခဲ့တဲ့ Jung Won က ပြင်ဆင်မှာ ဖြစ်ပါတယ်။

 

ဒီဇာတ်ကားက သရုပ်ဆောင် Song Kang ရဲ့ အေဂျင်စီက သူလက်ခံထားတဲ့ အလုပ်ထဲက တစ်ခုဖြစ်ပြီး လက်ခံဖို့အတွက် စဉ်းစားနေပါတယ်လို့ ဆိုပါတယ်။

 

Han So Hee ရဲ့ အေဂျင်စီကလည်း သူမ ဒီဇာတ်လမ်းကို ကြည့်ရှုနေတုန်း ဖြစ်ပြီး ဆုံးဖြတ်ချက်တော့ မချရသေးဘူးလို့ ဆိုပါတယ်။ Han So Hee ကတော့ ၂၀၁၇ မှာ စပွဲဦးထွက်ခဲ့သူ ဖြစ်ပြီး နာမည်ကြီး ဇာတ်လမ်းတော်တော်များများမှာ ဇာတ်ပို့အဖြစ် ပါဝင်သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။ The World of the Married ဇာတ်လမ်းတွဲကတော့ သူမကို လုံးဝ လူသိများကျော်ကြားသွားစေတဲ့ ဇာတ်လမ်း တစ်ခုဖြစ်ပါတယ်။

 

 

View this post on Instagram

 

☺️

A post shared by HanSoHee (한소희) (@hansoheex) on

သူတို့ နှစ်ယောက်ကို ဒီဇာတ်လမ်းမှာ တူတူ မြင်ရဖို့အတွက် ပရိသတ်တွေက မျှော်လင့်နေလျက် ရှိပါတယ်။

Kham