Han Seo Hee ရဲ့ ရှေ့နေဖြစ်တဲ့ Bang Jung Hyun ကတော့ ရေဒီယိုအစီအစဉ်မှာ ထပ်မံပါဝင်ခဲ့ပြီး YG Entertainment ရဲ့ အနုပညာရှင်တွေနဲ့ပတ်သတ်နေတဲ့ မူးယစ်ဆေးအမှုအကြောင်းကို ပြောခဲ့ပါတယ်။

ရေဒီယိုအစီအစဉ်တင်ဆက်သူကတော့ B.Iဟာ ပါရမီရှင်ဆန်ဖို့အတွက် ဆေးတွေကို သုံးခဲ့တယ်လို့ သိရတာကြောင့် YG က အနုပညာရှင်တွေကြားမှာ ဒီဆေးသုံးတဲ့ကိစ္စက ပုံမှန်ပဲလားလို့ Han Seo Hee ရဲ့ ရှေ့နေကိုမေးခဲ့တာဖြစ်ပါတယ်။

from b.i instagram

Han Seo Hee ရဲ့ ရှေ့နေကတော့ “Han Seo Heeဟာ YGရဲ့ အနုပညာရှင်တွေထဲ ဆေးသုံးနေတဲ့ နောက်ထပ်လေးယောက်ကို နာမည်နဲ့တကွပြောခဲ့ပြီးပြီဖြစ်ပါတယ်။အင်တာနက်ပေါ်မှာ လူတွေ ခန့်မှန်းရေးသားနေတာတွေနဲ့လည်း ခပ်ဆင်ဆင်ပါပဲ။ဒါပေမဲ့ သက်သေပြဖို့ လုံလောက်တဲ့ သက်သေမရှိသေးပါဘူး။ ” လို့ပြောခဲ့ပါတယ်။

from koreaboo

ရေဒီယို အစီအစဉ်တင်ဆက်သူက အဲဒီလေးယောက်က လက်ရှိမှာ အနုပညာလှုပ်ရှားမှုလုပ်နေပြီး ပေါ်ပြူလာဖြစ်လားလို့ မေးတဲ့အခါမှာတော့ Han Seo Hee ရဲ့ ရှေ့နေရဲ့ ဟုတ်မှန်ကြောင်းကို ဖြေပေးခဲ့ပါတယ်။Han Seo Hee ကတော့ အရင်ကလည်း YG က အနုပညာရှင်တွေ ဆေးသုံးတဲ့အကြောင်းနဲ့ ပတ်သတ်ပြီး အစဖော်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

from hanseo hee instagram

Source: Koreaboo