Running Man ပရိသတ်တွေ အတွက် Song Ji Hyo ရဲ့ ဒရမ်မာဇာတ်ကားကို မကြာခင်မှာ မြင်တွေ့ရဖွယ်ရှိပါတယ်။ဇွန်(၂၇)ရက်နေ့က KBS 2TV ဘက်ကနေ လာတဲ့ သတင်းတွေအရ “Lovely Horror-vely” (ယာယီပေးထားတဲ့နာမည်) ဇာတ်ကားမှာ HaHa လည်း ပါဝင်သွားဖို့ ရှိတယ်လို့ ပြောခဲ့ပါတယ်။ ဒရမ်မာကားရဲ့ အစပိုင်းလောက်မှာ အထူးဧည့်သည် သရုပ်ဆောင် အနေနဲ့ ပါဝင် သွားမှာပါ။


ဇာတ်ကားရိုက်ကူးရေးအဖွဲ့ ဘက်မှ ကမ်းလှမ်းချက်ကို HaHa ကလက် သင့်ခံခဲ့ကြောင်း၊ Song Ji Hyo နဲ့ RM အဖွဲ့ဝင်အချင်းချင်းနှစ်ရှည်လများခင်တွယ်လာတဲ့ သံယောဇဉ်ကို ထောက်ပြီး အခု လို လက်ခံ လိုက်ကြတာလို့ သိရပါတယ်။ “Lovely Horror-vely” ကတော့ ရိုမန်တစ် ဟာ သ ဒရမ်မာ ဇာတ်ကားဖြစ်ပြီး……


နာမည်ကြီး Top Star တစ်ယောက်နဲ့ ဒရမ်မာဇာတ်ကား စာရေးသူ တို့ ကြားက ပုံမှန်မဟုတ်တဲ့ ကံကြမ္မာ ဆက်စပ်မှု အကြောင်းပါ။ဒီကားမှာဆိုရင် Park Shi Hoo နဲ့ Song Ji Hyo တို့အပြင် Lee Gikwang, T-ara’s Eunjung ၊ Choi Yeo Jin, Jang Hyuk Jin.. တို့ လည်း ပါဝင်သွားမယ်လို့ သိရပါတယ်။ဒီကားကိုတော့ “Are You Human, Too?” ဇာတ်ကားအပြီး သြဂုတ်လလောက်မှာ ပြသသွားမယ်လို့ မျှော်လင့်ရပါတယ်။
Source soompi