Guan Xiaotong နဲ့ Luhanတို့ဟာ လက်ထပ်တော့မယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒါပေမဲ့ တရုတ်မီဒီယာ တစ်ခုမှာတော့ Guan Xiaotongရဲ့ မိခင်ဟာ လက်ထပ်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေတဲ့ အတွက် Guan Xiaotong နဲ့ Luhanတို့ရဲ့ လက်ထပ်ပွဲဟာ လွယ်ကူမှာ မဟုတ်ဘူးလို့ ဖေါ်ပြထားပါတယ်။

Guan Xiaotongရဲ့ မိခင်က သမက်လောင်းဟာ တာဝန်ယူတတ်ရမယ်။ ပလတ်စတစ်ဆာဂျရီမလုပ်ပဲ ရုပ်ချောရမယ်။ မိန်းမ မဆန်ရဘူးဆိုတဲ့ အချက် သုံးချက်နဲ့ ပြည့်စုံတဲ့သူဖြစ်ရမယ်ဆိုပြီး တရုတ်မီဒီယာ တစ်ခုဖြစ်တဲ့ Toutiaoမှာရေးသားဖေါ်ပြထားပါတယ်။ Guan Xiaotongရဲ့ မိခင်ဟာ နောက်ဆုံးအချက်နှစ်ချက် ကြောင့် လက်ထပ်ပွဲကို ကန့်ကွက်တာဖြစ်တယ်လို့လည်း Kstarlive မှာ ဖေါ်ပြထားပါတယ်။

Luhan ပလတ်စတစ်ဆာဂျရီလုပ်ခဲ့တယ်ဆိုတာက သေချာတဲ့ ကိစ္စတော့ မဟုတ်ပေမဲ့ သူရဲ့ ချောမောလွန်းတဲ့ ရုပ်ရည်ကြောင့် ကောလဟာလတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် Luhanဟာ မိနိးကလေးဆန်ဆန် ချောတဲ့ရုပ်ရည်ကြောင့် ‘flower boy’ လို့လည်း ပရိသတ်တွေကြားမှာ နာမည်တွင်ပါတယ်။ Guan Xiaotongရဲ့ မိခင်ကတော့ သူ့ရဲ့ သမီးဖြစ်သူကို အသက် ၂၈နှစ်လောက်ရောက်မှ လက်ထပ်စေချင်တယ်လို့လည်း ဖေါ်ပြထားပါတယ်။

Source: Kstarllive

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။