ပြည်သူ့အချစ်တော် မင်းသမီးတစ်ယောက်ဖြစ်တဲ့ သွန်းဆက်ကတော့ ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ဖို့အတွက် ဓာတ်ပုံတွေအမျာကြီး လူမှုကွန်ယက်မှာ တင်လိုက်ပါတယ်။ ဒီဓါတ်ပုံတွေထဲမှာ ပရိသတ်တွေ ချစ်ရတဲ့ မင်းသမီးချော ခင်ဝင့်ဝါ၊ ရတနာဗိုလ်၊ ယုသန္တာတင်တို့နဲ့အတူ သွန်းဆက်က လူဆုံတုန်း Group Photo တွေ ရိုက်ကူးခဲ့တာပါ။

ဒီဓါတ်ပုံတွေထဲမှာတော့ ပြည်သူ့အချစ်တော် မင်းသမီး (၄)ယောက်စလုံးက အလှတစ်မျိုးစီနဲ့ လှနေကြလို့ ဘယ်သူ့ကို အရင် ကြည့်ရမှန်းတောင် မသိလောက်အောင်ပင် ဇဝေဇဝါ ဖြစ်စေမှာပါ။

မင်းသမီးချော (၄)ယောက်စလုံးကတော့ အတိုင်အဖောက်ညီညီနဲ့ ပေါ့ပေါ့ပါးပါးလေးဖြစ်အောင် ပို့စ်ပေးကြမ်းနေကြတာ အရမ်းကို ချစ်စရာကောင်းပါတယ်။ ပရိသတ်ကြီးလည်း ရှုစားကြည့်ပါဦး။

Source: Thun Sett