အသက်(၃၁)နှစ်အရွယ် Chun Jun Young ဟာ သတင်းကြေငြာသူကနေ ပရိုဂျူဆာတစ်ယောက် အဖြစ်ပြောင်းလဲလာတဲ့ သူတစ်ယောက်ဖြစ်ပြီး ခန့်ညားတဲ့ ရုပ်ရည်ရှိတဲ့အပြင် Running Man ရဲ့ နာမည်ကျော် Yoo Jae Suk နဲ့ ရုပ်ချင်းဆင်တယ်ဆိုပြီး အင်တာနက်ပေါ်မှာ နာမည်ကြီးနေတဲ့ သူဖြစ်ပါတယ်။

သူကတော့ MBC မှာ ပရိုဂျူဆာမဖြစ်ခင်က MBN မှာ သတင်းထောက်တစ်ယောက်အဖြစ် ဆောင်ရွက်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူရဲ့ ရုပ်ရည်ကြောင့် သတင်းအကြောင်းအရာတွေထက် ကြည့်ရှုသူတွေရဲ့ စိတ်ဝင်စားမှုကို ပိုရခဲ့တဲ့ သတင်းကြေငြာသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အချို့ကတော့ သူ့ကို နိုင်ငံရေးသမား Kim Moo Sung သဘောကျတဲ့ သတင်းထောက်တစ်ယောက်အဖြစ် သိကြပါတယ်။

ပရိသတ်တွေကတော့ Yoo Jae Sukကို မျက်စိလေဆာ ကုထုံးခံယူကြဖို့ ပြောနေကြပါပြီ။ မြန်မာနိုင်ငံက ပရိသတ်တွေရော ဘယ်လိုထင်ကြလဲ။ Chun Jun Young က Yoo Jae Sukလိုပဲ ချစ်စရာကောင်းရဲ့လား?

Source: Koreaboo