Gong Yoo ကတော့ ဆံပင်စတိုင်အသစ်နဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ။

ပရိသတ်တွေချစ်ကြတဲ့ မင်းသားချော Gong Yoo ကတော့  ဖက်ရှင်မဂ္ဂဇင်း Elleနဲ့အတူ “The Man We Love”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖိုတိုရှုတစ်ခုပြုလုပ်ခဲ့ပြီး သူ့ရဲ့ တည်ငြိမ်ခန့်ညားတဲ့ ပုံစံအသစ်တွေကတော့ ပရိသတ်တွေရဲ့ ရင်ကို လှုပ်ခတ်စေခဲ့ပါတယ်။ ဒါ့အပြင် ဆံပင်ပုံစံအသစ်ပြောင်းထားတဲ့ Gong Yoo ရဲ့ ပုံစံကြောင့် ပရိသတ်တွေကတော့ ကြွေပြီးရင်း ကြွေခဲ့ရပါတယ်။

အရင်က ဆံပင်အုပ်အုပ်လေးနဲ့လည်း လိုက်ဖက်ခဲ့ပေမဲ့ အခုဆံပင်ပုံစံလေးနဲ့ ပိုပြီးတောင် လိုက်ဖက်နေသလိုပါပဲ။ ပရိသတ်တွေရော ဘယလိုထင်ကြလဲ။ အရင်ဆံပင်နဲ့လိုက်လား ဒါမှမဟုတ် အခုဆံပင်နဲ့ ပိုလိုက်တယ်ထင်ကြလား။

Source: Kstarlive