မင်းသားချော Gong Yoo နဲ့ Park Bogum တို့ကတော့ သူတို့နှစ်ယောက်ရဲ့ အတွဲညီညီ ဓာတ်ပုံတွေနဲ့ ပရိတ်သတ်တွေကိုဖမ်းစားလိုက်ပြန်ပါပြီ ။ မကြာခင်က ထုတ်ဝေလိုက်တဲ့ မဂ္ဂဇင်း “Cine21” အတွက် မင်းသားချော နှစ်ယောက် ရိုက်ကူးပေးခဲ့တဲ့ ဓာတ်ပုံတွေအကြောင်းကိုတော့ Kstarlive မှာဖော်ပြထားပါတယ်။

 

 

View this post on Instagram

 

A post shared by SEOBOK (@k_movie_seobok)

 

 

View this post on Instagram

 

A post shared by SEOBOK (@k_movie_seobok)

ပုံတွေမှာတော့ ခါတိုင်းမြင်နေကျပုံစံနဲ့ ကွဲထွက်နေတဲ့ သူတို့နှစ်ယောက်ရဲ့ လိုက်ဖက်ညီနေမှုကိုတွေ့ရမှာပါ။ မင်းသားချောတွေလို့ တင်စားခံရတဲ့ နှစ်ယောက်လုံးကို တွဲမြင်လိုက်ရတဲ့အတွက် ပရိတ်သတ်တွေကတော့ အရမ်းကျေနပ်နေကြပါတယ်။ ရိုက်ကူးရာမှာတော့ မင်းသားနှစ်ယောက်လုံးရဲ့ ယောကျာ်းဆန်တဲ့ပုံရိပ်ကိုအသားပေးထားပြီးတော့ အရမ်းကိုသန့်ခန့် နေကြတာကိုတွေ့ရမှာပါ။

 

 

View this post on Instagram

 

A post shared by SEOBOK (@k_movie_seobok)

 

 

View this post on Instagram

 

A post shared by SEOBOK (@k_movie_seobok)

ဒီပုံတွေကတော့ Gong Yoo နဲ့ Park Bogum တို့ကတော့ မကြာမီထွက်ရှိတော့မယ့် သူတို့ရဲ့ သိပ္ပံ အက်ရှင်ဇာတ်ကား “Seobok” အတွက် ရိုက်ကူးပေးခဲ့တာပါ။ ဇာတ်လမ်းကတော့ ကုမရတဲ့ ရောဂါစွဲကပ်နေတဲ့ ထောက်လှမ်းရေး အေးဂျင့်ဟောင်းနဲ့ ထာဝရအသက်ရှည်နိုင်တဲ့ လှို့ဝှက်ချက်ကို သိထားတဲ့ ကမ္ဘာ့ပထမဆုံး လူသားပုံတူကလုန်တို့ကြား ပေါက်ဖွားလာမယ့် သံယောဇဉ်အကြောင်းကို ရိုက်ကူးထားတာပါ။  ဒီရုပ်ရှင်ကတော့ ၂၀၂၀ ဒီဇင်ဘာလ (၂) ရက်နေ့မှာ ထွက်ရှိမယ်လို့ကြေညာထားပါတယ်။

 

 

View this post on Instagram

 

A post shared by SEOBOK (@k_movie_seobok)

 

 

View this post on Instagram

 

A post shared by SEOBOK (@k_movie_seobok)

#CELENOW