Han Hye-jin ကတော့ မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသမီးချော တစ်ယောက်ပါ။ ဂျူမုံ ဇာတ်ကားထဲမှာ  So Seo-No ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်ခဲ့တာပါ။ ဇာတ်ကားတွေတင်မဟုတ်ဘဲ သူမဟာ နာမည်ကြီး talk show ဖြစ်တဲ့ Healing Camp, Aren’t You Happy တို့မှာ (၂၀၁၁) မှ (၂၀၁၃) အထိ အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။

pinterest
pinterest
pinterest

သူမဟာ  ‘Give Me a Meal’ ဆိုတဲ့ အစီအစဉ်မှာ ပါဝင်သွားမယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ JTBC ကနေ အတည်ပြုခဲ့ပါတယ်။ Han Hye Jin ကတော့ မကြာသေးမီကမှ ‘Give Me a Meal’ အတွက် အသံသွင်းပေးခဲ့ပါတယ်။အပိုင်းကတော့ ဇူလိုင်လလောက်ကျမှာ ထုတ်လွှင့်သွားမှာပါ။ Han Hye Jin  က ဒီ Show မှာ အစားအစာ ပင်တိုင်ဆောင်းပါးရှင် Hwang Kyo Ik နဲ့အတူ ဧည့်သည်အဖြစ် ပါဝင်ပေးခဲ့တာပါ။ သူတို့ တွေဟာ MC တွေဖြစ်တဲ့ Kang Ho Dong နဲ့  Lee Kyung Kyu တို့နဲ့ အတူတွဲပြီး အလုပ်လုပ်သွားမှာပါ။

pinterest
pinterest
ဒီအပိုင်းကိုတော့  World Cup အတွက် ထုတ်လွှင့်ပြသွားမှာပါ။ သူမရဲ့ ခင်ပွန်း Ki Sung Yong လည်း ၀င်ပြိုင် မယ်လို့ သိရပါတယ်။ Lee Kyung Kyu နဲ့ အတူ ပျော်စရာ အချိန်လေးတွေ ပိုင်ဆိုင်ရဖို့ Han Hye-jin ကလည်း မျှော်လင့်နေပါတယ်။ Lee Kyung Kyu  ကတော့ သူမနဲ့ အတူ Healing Camp မှာ အတူတွဲပြီး အလုပ်လုပ်ခဲ့ဖူးပါတယ်။
KpopStarz
Source soompi