မြန်မာနိုင်ငံရဲ့ လူငယ်တွေကြားမှာ နာမည်ကြီးတဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့ G fatt ကတော့ သူ့ အစ်မရဲ့ ကျေးဇူးတွေ သူ့အပေါ်မှာ ဘယ်လောက်တောင် ကြီးမားလဲဆိုတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။ G fattဟာ သူရဲ့ အစ်မဖြစ်သူက သူမဘဝကိုပါ အနစ်နာခံပြီး သူ့ကိုစောင့်ရှောက်ခဲ့တဲ့ အကြောင်းကို ပြောပြခဲ့တာဖြစ်ပါတယ်။

“အခက်အခဲအကြပ်အတည်းတွေ အိမ်မှာ#ထင်တာထက်မနည်းပါ တဖက်တလှမ်းက အစ်မက လုပ်ကျွေးတယ်သူ့ #ကြင်ယာဖက်လဲမရှာ ပြီးတော့ #ပညာတက်ဘွဲ့ရ ..ကျွန်တော်နဲ့ယှဉ်ရင် ဆီနဲ့ရေပဲ …လွန်ခဲ့တဲ့နှစ်များဆီကမကြီးဘွဲ့ယူတဲ့နေ(မှတ်မှတ်ရရ)”လို့ရေးပြီး သူရဲ့ ဖေစ်ဘုတ်မှာတင်ထားတာဖြစ်ပါတယ်။

ဓါတ်ပုံလေးကတော့ အစ်မဖြစ်သူဘွဲ့ယူတဲ့ အချိန်က ရိုက်ထားတဲ့ ဓါတ်ပုံလေးကို ပြန်တင်ထားပြီး “ဓူဝံကြယ်” သီချင်းကိုလည်း အဲဒီအချိန်တွေတုန်းက ရေးခဲ့တာဖြစ်တယ်လိုလည်း G fatt ကသူရဲ့ ဖေစ်ဘုတ်မှာ ရေးထားပါသေးတယ်။

Source: G Fatt