နာမည်ကျော် အဆိုတော် နှစ်ယောက်ဖြစ်တဲ့ Gfatt နဲ့ နန်းဆုရတီစိုးတို့ကတော့ ပရိသတ်တွေတိုင်းချစ်ရတဲ့ အနုပညာရှင်စုံတွဲလေးတစ်တွဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ ဇူလိုင်လ ၁ရက်နေ့မှာ တောင်ကိုရီးယားကို ခရီးထွက်ဖို့အတွက် ရန်ကုန်လေဆိပ်ကို လာရင်း မြန်မာနိုင်ငံရဲ့ ဂုဏ်ဆောင် ပုဂ္ဂိုလ်တစ်ဦးနဲ့ တွေ့ခဲ့ကြပါတယ်။

ပရိသတ်တွေတိုင်းချစ်ကြတဲ့ သူတို့စုံတွဲလေးကတော့ မြန်မာနိုင်ငံရဲ့ စပါးအုန်းမြွေလို့ နာမည်တွင်တဲ့ MMA ချန်ပီယံကြီး အောင်လအန်ဆန်နဲ့ အမှတ်မထင်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ နန်းဆုတို့ စုံတွဲကတော့ နာမည်ကျော် ကမ္ဘာချန်ပီယံကြီး အောက်လအန်ဆန်နဲ့အတူတူ ဓါတ်ပုံလည်း ရိုက်ခဲ့ပါသေးတယ်။

ခရီးအတူတူထွက်ကြတဲ့ နန်းဆုနဲ့ Gfatt တို့ကတော့ သူတို့နှစ်ယောက်ရဲ့ ခရီးထွက်နေတဲ့ ပုံရိပ်လေးတွေကိုလည်း ဖေစ်ဘုတ်ပေါ်မှာ ကိုယ်စီတင်ထားကြပါသေးတယ်။ သူတို့နှစ်ဦးရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

SOurce: Gfatt, Nan Suyati Soe