G-Dragon ဟာ Dara ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ သူမရဲ့တစ်ကိုယ်တော် Show ကို (၂၀၁၇) ခုနှစ် စက်တင်ဘာလက ပြုလုပ်ကျင်းပခဲ့ပါတယ်။ ဒီပွဲကိုတော့ Dara ကလည်း ဧည့်သည်အဆိုတော် တစ်ယောက်အနေနဲ့ တက်ရောက်ခဲ့ပါတယ်။

G-Dragon နဲ့ Daraတို့ကတော့ အနုပညာအေဂျင်စီတစ်ခုတည်းရဲ့ လက်အောက်မှာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ သူနှစ်ယောက်ဖြစ်ပြီး အရမ်းကို ရင်းနှီးကြတဲ့ သူတွေလည်းဖြစ်ပါတယ်။ ဒီတစ်ကိုယ်တော် ရှိုးပွဲကြီးမှာတော့ G-Dragon ဟာ Dara အပေါ်မှာထားတဲ့ သူ့ရဲ့ သဘောထားကို ပရိသတ်တွေရဲ့ အရှေ့မှာ ပြောပြခဲ့ပါတယ်။

“Dara က ကျွန်တော့ရဲ့ အစ်မတစ်ယောက်ပါ။ ပြီးတော့ သူက အရမ်းလည်း လှနေတုန်းပဲနော်၊ ဒါမျိုး အရင်ကတစ်ခါမှ မပြောဖူးဘူးနော် “လို့ပြောခဲ့တာ ဖြစ်ပါတယ်။ ပြောနေတဲ့ အချိန်မှာလည်း G-Dragon က စကားတွေကို ထပ်ခါထပ်ခါပြောပြီး အရမ်းကို စိတ်လှုပ်ရှားနေခဲ့တဲ့ ပုံပါပဲ။

Source: Koreaboo