4Minute အဖွဲ့ဝင်ဟောင်း Nam Ji Hyun ဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလှုပ်ရှားမှုတွေကို ဆောင်ရွက်လျက်ရှိပြီး “Best Delivery Person” ဒရာမာမှာလည်း ပါဝင်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာတော့ သူ့ရဲ့ အင်စတာဂရမ်မှာ ပရိသတ်တွေကို သူရဲ့ အနုပညာနာမည်ပြောင်းလဲလိုက်ပြီဆိုတာကို အသိပေးခဲ့ပါတယ်။ သူရဲ့ နာမည်ကိုတော့ သူရဲ့မိခင်ဖြစ်သူရဲ့ မျိုးရိုးနာမည် Son နဲ့ အစပြုထားပြီး Son Ji Hyun လို့နာမည်ပြောင်းခဲ့တာဖြစ်ပါတယ်။

စာထဲမှာတော့ “မင်္ဂလာပါ။ Son Ji Hyunပါ။ နှစ်ဆုံးခါနီးမှာ ဒီလိုနာမည်အသစ်နဲ့ ပရိသတ်တွေကို နှုတ်ဆက်ရတာ အရမ်းကို အသစ်အဆန်းတစ်ခုလို ခံစားရပါတယ်။ ၂၀၀၉ ခုနှစ်တုန်းက 4Minute အဖွဲ့နဲ့အတူ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ သလိုပါပဲ”လို့ ရေးထားပါတယ်။ 4Minute အဖွဲ့နဲ့အတူရှိစဉ်က ပရိသတ်တွေရဲ့ အချစ်တွေကိုရရှိခဲ့ပြီး အဲဒီအချိန်တွေကို ပြန်စဉ်းစားတဲ့အခါ တကယ့်ကို အံ့သြစရာကောင်းလောက်အောင် ပျော်ရွှင်ခဲ့ရပါတယ်လို့လည်း ရေးထားပြီး ဒီအချိန်အထိအားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းရေးသားထားပါတယ်။

နာမည်ပြောင်းလိုက်လို့လည်း လူကပြောင်းလည်းသွားမှာမဟုတ်ဘဲ အနုပညာအလုပ်ကို သရုပ်ဆောင်အနေနဲ့ အသစ်တဖန် ပြန်လည်အစပြုခြင်းသာဖြစ်တယ်လို့ Son Ji Hyun က ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

Source: Soompi