ချစ်စရာကောင်းတဲ့ မျက်နာလေးကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်မင်းသမီးလေး ခင်ဝင့်ဝါကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး တစ်ယောက်ဖြစ်တဲ့အပြင် အားပေးတဲ့ပရိသတ် အခိုင်အမာရရှိထားတဲ့ မင်းသမီးချောလေး ဖြစ်ပါတယ်။

ဇန်နဝါရီလ (၂၃)ရက်နေ့က ကျင်းပခဲ့တဲ့ မင်္ဂလာဆောင်တစ်ခုမှာ ယုသန္တာတင်၊ သွန်းဆက်၊ ရတနာဗိုလ်တို့နဲ့ အတူ မင်းသမီးချောလေး ခင်ဝင့်ဝါဟာ Flower Girl အဖြစ် ကူညီပေးခဲ့ပါတယ်။ အဆိုပါမင်္ဂလာပွဲက ဓါတ်ပုံလေးတွေကို ခင်ဝင့်ဝါက သူ့မရဲ့ ဖေ့စ်ဘုတ်မှာ တင်ပေးခဲ့ပြီး ပရိသတ်တွေကတော့ ခင်ဝင့်ဝါရဲ့ အလှမှာ အသက်ရှုမှားခဲ့ကြရပါတယ်။

မင်္ဂလာဆောင်မှာ ပန်းကျဲခဲ့တဲ့ Flower Girl လေး ခင်ဝင့်ဝါရဲ့ အလှပုံရိပ်လေးတွေကို သူမကို အစဉ်တစိုက်အားပေးနေတဲ့ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

 Source: Khin Wint Wah