ဇွန်လကတော့ တကယ့်ကို အချောအလှတွေ မွေးတဲ့ လ လို့ တောင်ပြောလို့ရပါတယ်။Celenow ပရိသတ်ကြီး အ တွက် ဇွန်လမှာ မွေးတဲ့ ကမ္ဘာကျော် ဆယ်လီ အမျိုးသမီး အချောအလှတွေကို ဖော်ပြပေးလိုက်ပါတယ်။

#Marilyn Monroe (June 1)

Image – pinterest

Marilyn Monroe ဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ မသိတဲ့ သူမရှိပါဘူး။သူ့ခေတ် သူ့ အခါက အရမ်းကို ချောလွန်း လှလွန်းလို့ နာမည်ကြီးခဲ့တဲ့ အမေရိကန် မင်းသမီးကြီးပါ။ကွယ်လွန်သွားတဲ့ တိုင်အောင် ဒီနေ့ ဒီ အချိန် ထိ နာမည်ကြီး ကျော်ကြားနေစဲ မင်းသမီးကြီးပါ။သူမကိုတော့ 1926 ခုနှစ် ဇွန် (၁)ရက်နေ့ မှာမွေးခဲ့တာပါ။

#Seohyun (June 28)

Image – pinterest

တောင်ကိုရီးယားရဲ့ နာမည်ကြီး အဆိုတော် မင်းသမီးချောပါ။(၂၀၀၇)ခုနှစ်မှာ Girls’ Generation  ရဲ့ အဖွဲ့ ၀င် တစ်ယောက် အဖြစ် နဲ့ ပွဲဦးထွက်ခဲ့သူပါ။အဆိုတော် မင်းသမီးအချောအလှလေး Seohyun ကိုတော့ (၁၉၉၁)ခုနှစ် ဇွန် (၂၈)မှာ မွေးဖွားခဲ့တာပါ။

#Ha Ji Won (June 28)

Image – pinterest

ပုရိသအပေါင်း သဲသဲလှုပ်ကြွေကြတဲ့ Ha Ji Won ဆိုတဲ့ အပျိုကြီးမမ ကလည်း ဇွန်မှာပဲ မွေးခဲ့တာပါ။(၁၉၇၈)ခုနှစ် ဇွန် (၂၈)မှာ မွေးဖွားခဲ့တာပါ။ June 28, 1978

#Sohee (June 27)

Image – pinterest

Sohee ကတော့ Wonder Girls ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက် ဖြစ်ခဲ့ဖူးသူပါ။Welcome to Waikiki 2 မှာလည်း ပါဝင်ထားပါတယ်။ သူမကတော့ (၁၉၉၂)ခုနှစ် ဇွန် (၂၇)မှာ မွေးခဲ့တာပါ။

#Adriana Lima(June 12)

Image – pinterest

Adriana Lima  ကတော့ မော်ဒယ်လောကရဲ့ တကယ့်ဒိတ်ဒိတ်ကြဲ အချောအလှပါ။ဘရာဇီး မော်ဒယ် မင်းသမီး ချောပါ။Victoria’s Secret Angel  အဖြစ် (၁၉၉၉)ကနေ (၂၀၁၈) အထိ ဆောင်ရွက်ပေးခဲ့သူပါ။သူမကိုတော့ (၁၉၈၁)ခုနှစ် ဇွန် (၁၂)မှာ မွေးခဲ့တာပါ။

#Tzuyu (June 14)

Image – pinterest

Chou Tzu-yu ကတော့  Tzuyu လို့ လူသိများပါတယ်။တောင်ကိုရီးယားမှာ အနုပညာလှုပ်ရှားမှု တွေ လုပ် နေတဲ့ ထိုင်ဝမ် အဆိုတော် အချောအလှလေးပါ။ကိုရီးယားမိန်းကလေးအဆိုတော် အဖွဲ့ Twice ရဲ့ အဖွဲ့ ၀င်ပါ။(၁၉၉၉)ခုနှစ် ဇွန် (၁၄)မှာ မွေးခဲ့သူပါ။

#HyunA (June 6)

Image – pinterest

ကိုရီးယားရဲ့ Sexy ဘုရင်မကြီး HyunA ကလည်း ဇွန်မှာ မွေးခဲ့တာပါ။အဆိုတော်၊တေးရေး၊ရက်ပ်ပါ၊မော်ဒယ် တစ်ယောက်ပါ။သူမဟာလည်း (၂၀၀၇)ခုနှစ်မှာ Wonder Girls ရဲ့ အဖွဲ့ ၀င်တစ်ယောက် အဖြစ် ပွဲဦး ထွက် ခဲ့သူပါ။ (၁၉၉၂)ခုနှစ် ဇွန် (၆)ရက်နေ့မှာ မွေးခဲ့တာပါ။

#Angelina Jolie(June 4)

Image – pinterest

Angelina Jolie ကလည်း (၁၉၇၅)ခုနှစ် ဇွန် (၄)မှာ မွေးဖွားခဲ့တာပါ။

#Kim So Hyun(June 4)

Image – pinterest

ကလေးသရုပ်ဆောင်ဘ၀တည်းက ကိုရီးယားရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အ၀ ရခဲ့တဲ့ Kim So Hyun လေးကလည်း ဇွန်မှာ မွေးတာပါ။(၁၉၉၉)ခုနှစ် ဇွန် (၄)မှာမွေးဖွားခဲ့တာပါ။

ref; wiki

#CELENOW