ဒီနှစ်မှာလည်း စောင့်ကြည့်ရမယ့် ကိုးရီးယားဒရာမာ ဇာတ်ကားကောင်းတွေ​ အများကြီးရှိလို့နေပါတယ်။ ဒါပေမယ့် ပရိတ်သတ်ချစ်တဲ့ မင်းသားတွေထဲက တစ်ချို့မင်းသားတွေရဲ့ ဇာတ်ကားတွေကိုလည်း ပြန်လည်ကြည့်ရှုရဖို့အတွက် စောင့်စားလျက်ရှိပါတယ်နော်။ ဒီသတင်းကို allkpop က ခုလိုဖော်ပြထားတာပါ။

V

 

BTS ရဲ့အဖွဲ့ဝင် V ဟာ 2016 ကထုတ်လွှင့်ပြသခဲ့တဲ့ ‘Hwarang: The Poet Warrior Youth’ ဆိုတဲ့ ဒရာမာဇာတ်လမ်းတွဲမှာ Hansung ဇာတ်ကောင်နေရာက ပါဝင်ထားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကောင်နဲ့ အရမ်းကို လိုက်ဖက်လွန်းတဲ့ V ကို BTS အတွက် အလုပ်တွေများနေသည့်တိုင်အောင် မင်းသားအဖြစ် ထပ်ပြီးမြင်ရဖို့ကို ပရိတ်သတ်တွေက မျှော်လင့်နေကြပါတယ်နော်။

Lee Jong Suk

 

‘Romance is a bonus book’ ဆိုတဲ့ဇာတ်ကားရိုက်ကူးပြီးနောက်မှာ စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ မင်းသားချော Lee Jong Suk ကိုလည်း ပရိတ်သတ်တွေက အတော်လေး လွမ်းနေကြပါတယ်။ သူ့ရဲ့ဇာတ်ကားတွေဟာ ပရိတ်သတ်ရင်ထဲကိုရောက်ခဲ့တဲ့ နာမည်ကြီးဇာတ်ကားတွေ ဖြစ်ပြီး အခုဆိုရင် စစ်မှုထမ်းတာဝန်ကလည်း ပြီးဆုံးသွားခဲ့ပြီမို့ ပရိတ်သတ်တွေက အရမ်းကို မျှော်လင့်စောင့်စားနေကြပါတယ်။ လက်ရှိမှာတော့ Lee Jong Suk ဟာ ‘Decibel’ ဇာတ်ကားမှာ ပါဝင်သွားဖို့ရှိတယ်လို့ သိရပါတယ်။

Park Hyung Sik

 

 

View this post on Instagram

 

A post shared by Park Hyungsik (@_park.hyung.sik_)

ZE:A အဖွဲ့ဝင် Park Hyung Sik ဟာလည်း ‘Strong Woman Do Bong Soon’ ဇာတ်ကားနဲ့အတူ မိန်းကလေးပရိတ်သတ်တွေ သည်းသည်းလှုပ်ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ သူဟာလည်း စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်ပြီး မကြာသေးခင် January 4, 2021 ရက်နေ့ကမှ တာဝန်ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ ပရိတ်သတ်တွေနဲ့ အနည်းငယ် ဝေးကွာနေခဲ့တဲ့ Park Hyung Sik ရဲ့ဇာတ်ကားလေးတွေကို ပရိတ်သတ်တွေ မျှော်လင့်လျက် ရှိပါတယ်နော်။

Won Bin

 

ကိုးရီးယားဒရာမာတွေရဲ့ king အဖြစ် တင်စားခံရတဲ့ မင်းသားချော Won Bin က 2010 မှာပြသခဲ့တဲ့ ‘The Man From Nowhere’ ဇာတ်ကားပြီးနောက်မှာ ဇာတ်ကားရိုက်ကူးမှုတွေ ရပ်နားသွားခဲ့တာပါ။ သရုပ်ဆောင်ပီပြင်ပြီး အမိုက်စားကာရိုက်တာတွေကို သရုပ်ဆောင်တတ်တဲ့ သူ့ကိုလည်း ပရိတ်သတ်တွေက ဖန်သားပြင်ပေါ်မှာ ပြန်လည်တွေ့ရဖို့ မျှော်လင့်နေကြပါတယ်။

Khin