BTS အဖွဲ့ဝင် Suga နဲ့ အဆိုတော်Suranတို့နှစ်ဦးဟာ ချစ်သူတွေဖြစ်နေကြတယ်ဆိုတဲ့ သတင်းတွေကတော့ သိပ်မကြာသေးခင်ကလည်း ထွက်ခဲ့ဖူးပေမဲ့ BTS ရဲ့ အေဂျင်စီကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ငြင်းဆိုခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမဲ့လည်း တချို့သော ပရိသတ်တွေကတော့ သူတို့နှစ်ဦး ချစ်သူတွေဖြစ်နေကြပြီဆိုတဲ့ သက်သေအထောက်အထားတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Suran အင်စတာဂရမ်မှာ တင်ခဲ့တဲ့ macaron ပိုစ့်အပြင် ကောလဟာလတွေကို ဖြစ်စေတဲ့ နောက်ထပ်တစ်ခုကတော့ Suranဟာ သူမရဲ့ အင်စတာဂရမ်မှာ ဒီခွေးအညိုရောင်လေးနဲ့ Live လွှင့်ခဲ့တာပဲဖြစ်ပါတယ်။

အဲဒီခွေးလေးကတော့ Suga ရဲ့ ခွေး Hollyနဲ့ တော်တော်လေးဆင်ပါတယ်။ Suga ရဲ့ ခွေး Hollyကတော့ ပရိသတ်တွေကြားမှာလည်း နာမည်ကြီးပြီး သူအတွက် ဖွင့်ထားတဲ့ Youtube အကောင့်တောင်ရှိပါတယ်။

နောက်ထပ်တစ်ခုကတော့ Suga နဲ့ Suranတို့နှစ်ယောက်စလုံးဟာ ကွက်တိဆင်တူတဲ့ အဝါရောင် အင်္ကျီကိုလည်း ဝတ်ဖူးပါတယ်။ အချို့တွေကတော့ အဲဒါဟာ သူတို့နှစ်ဦးရဲ့ Couple အင်္ကျီဖြစ်လိမ့်မယ်လို့လည်း ဆိုပါတယ်။

BTS ရဲ့ အေဂျင်စီကတော့ ဒီသတင်းတွေနဲ့ပတ်သတ်ပြီး ငြင်းဆိုထားပေမဲ့ ပရိသတ်တွေကတော့ ထပ်မံထွက်လာတဲ့ သက်သေအထောက်အထားတွေ၊ဓါတ်ပုံတွေကြောင့် သူတို့နှစ်ဦးဟာ တကယ်ပဲ ချစ်သူတွေဖြစ်နေကြပြီလားဆိုတာ အရမ်းကို သိချင်နေကြပါပြီ။

Source: Koreaboo