ပရိသတ်တွေကြားမှာ မအေးသောင်းဆိုတဲ့ နာမည်နဲ့ တဖန်ပြန်လည် ကျော်ကြားလာတဲ့ အေးဝတ်ရည်သောင်းကတော့ အရမ်းကို ရိုမန်တစ်ဆန်တဲ့ သူလေးတစ်ဦးပါနော်။ ဓါတ်ပုံတွေတင်ရင်လည်း တစ်စုံတစ်ယောက်ကို ရည်စူးပြီးရေးတဲ့ ပုံစံမျိုးတွေနဲ့ စာတွေကို ဖွဲနွှဲ့ပြီး ရေးတတ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ဖေဖေါ်ဝါရီလ ၆ရက်နေ့မှာတော့ မအေးသောင်းက သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ နှင်းဆီပန်းအဝါရောင် ပန်းစည်းလေးကို ကိုင်ထားတဲ့ ဓါတ်ပုံလေးတွေကို တင်လိုက်ပါတယ်။ ဓါတ်ပုံလေးတွေကို တင်ပြီးထုံစံအတိုင်းပဲ ပရိသတ်တွေအတွက် ပဟေဠိဖြစ်စရာကောင်းတဲ့ စာလေးတွေကိုလည်း တင်ထားပါသေးတယ်။

“ပန်းပေးရင် အရှုံးပေးတာတဲ့။ တကယ်က အရှုံးပေးတဲ့သူက အနိုင်ရတာ မင်းမသိလို့ပါ။” လို့ရေးထားတာဖြစ်ပါတယ်။ မအေးသောင်းကို အရှုံးပေးပြီး ပန်းပေးလိုက်တဲ့ သူကတော့ ဘယ်သူလဲဆိုတာ စိတ်ဝင်စားစရာပဲနော်။

Source: Aye Thaung