တောင်ကိုရီးယားမင်းသား Jung Haein ကတော့ အားပေးတဲ့ Fan တွေကို ရူးအောင်လုပ်လိုက်ြ ပန်ပါပြီ။ မတ်လ(၂၀)ရက်နေ့တုန်းက JTBC  ကနေ Pretty Noona Who Buys Me Food,’ ဇာတ်ကား နောက်ဆုံး ဇာတ်ဝင်ခန်းရိုက်ကူးရေးနဲ့ပတ်သက်ပြီး ဖွင့်ဟခဲ့ပါတယ်။

‘Pretty Noona Who Buys Me Food,’ ရဲ့ ဇာတ်ဝင်ခန်းတစ်ခန်းမှာတော့ မင်းသား Jung Ha ein က ကင်မရာရှေ့မှာ အပေါ် ပိုင်းဗလာကျင်းနဲ့သရုပ်ဆောင်ခဲ့ပါတယ်။ ဒီအခန်းကတော့ Jun hee (Jung Haein) နဲ့  Jinah (Son Yejin)  တို့ အိမ်မှာ ဘီယာအတူသောက်တဲ့ အခန်း ပါ။ ဒီအခန်းကို ပိုပြီးပီပြင်စေဖို့ Jung Haein က သူ့ရဲ့ ရှပ်အကျီင်္ကို ချွတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရိုက်ကူး ရေး မစခင်မှာလည်း ဒီအခန်းကို အပီအပြင် စိတ်ရောကိုယ်ပါ Mood ထည့်ပြီး သရုပ်ဆောင်တော့မှာမို့ Seon Yejin ဆီကနေ အခုလိုခွင့်တောင်းခဲ့ပါတယ်။

“ကျတော် မမကို တကယ်ပဲ တင်းတင်းကျပ်ကျပ်ဖက်တော့မှာနော်..” လို့ ခွင့်တောင်းခဲ့ပါတယ်။ အဲ့ဒီ အခါမှာတော့..Son Yejin  က”ဒါဆိုရင်ကြည့်တဲ့သူတွေက မင်းရဲ့ ဗိုက်ကြွက်သားတွေကို ဘယ် မြင့်တော့မလဲ..” ဆိုပြီး ပြောခဲ့ပါတယ်။Jung Haein နဲ့ Son Yejin တို့ Jeju  ကျွန်းမှာ ရိုက်ကူး ခဲ့တဲ့ ဇာတ်ကားရဲ့ နောက်ဆုံးခန်းကို ဘယ်လိုတွေ စိတ်နှစ်ပြီး သရုပ်ဆောင်ခဲ့လဲ ဆိုတာကိုတော့  ဗီဒီယိုဖိုင်ကို ကြည့်ရင်သိနိုင်ပါတယ်။

 

 Son Yejin က ထုတ်လုပ်ရေးအဖွဲ့ဆီကနေ ပန်းစည်းလက်ဆောင်ရတော့ မထိန်းနိုင်တော့ပဲ မျက်ရည်ကျခဲ့ပါတယ်။Jung Haein နဲ့ Son Yejin တို့ကတော့ ဒီဇာတ်ကားထဲက ဇာတ်ကောင် Junh ee နဲ့ Jinah တို့ကို အားပေးတဲ့ ပရိသတ်တွေ အတွက် ကျေးဇူးတင်တယ်လို့ ပြောခဲ့ ပါတယ်။

Source kstarlive