နာမည်ကျော် တရုတ်မင်းသမီး တစ်ယောက်ဖြစ်တဲ့ Fan Bing bingမှာ သူ့ထက် ၁၉နှစ်ငယ်တဲ့ Fan Cheng Cheng လို့ခေါ်တဲ့ မောင်လေးရှိတာကိုတော့ လူတိုင်းသိကြပါတယ်။ Fan Cheng Cheng ဟာဆိုရင် ကိုရီးယားနိုင်ငံမှာ ရှိတဲ့ အနုပညာအေဂျင်စီတစ်ခုဖြစ်တဲ့ Yuehua ရဲ့ သင်တန်းသားတစ်ဦး ဖြစ်နေတာ တစ်နှစ်တောင်ရှိနေပြီဆိုတာကို Yuehuaကနေ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

Fan Cheng Chengဟာ အင်္ဂလိပ်စကား ကျွမ်းကျင်ပြီးတော့ သူရဲ့ တရုတ်ဘာသာစကားကိုလည်း ကောင်းကောင်းပြောနိုင်တယ်လို့ သတင်းအရင်းအမြစ်တစ်ခုကဆိုပါတယ်။ Fan Cheng Cheng ကိုရီးယားဘာသာကိုလည်း လေ့လာသင်ယူလျက်ရှိပါတယ်။ အဆိုတော် အဖြစ်ပွဲထုတ်ပေးဖို့တော့ အရည်အချင်းတွေ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။

Fan Bing bing ရဲ့မောင်ဖြစ်တဲ့ အတွက်ကြောင့် တရုတ်မှာတော့ Fan Cheng Chengဟာ သင်တန်းသားဘ၀ တည်းက နာမည်ကြီးနေပြီဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို အဆိုတော် အဖြစ်ပွဲ ထုတ်ဖို့လည်း ကိုရီးယားမှာထက် တရုတ်မှာ ဖြစ်ဖို့ များတယ်လို့ ဆိုပါတယ်။တရုတ်မှာ ပြုလုပ်မယ့် Idol Producer  သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်မှာ ဖြစ်တယ်လို့လည်း ကောလဟာလတွေထွက် နေပေမဲ့ Yue hua  ကတော့ အတည်ပြုပေးခြင်းမရှိသေးပါဘူး။

Fan Cheng Chengဟာ အသက်၁၇နှစ်ရှိပြီဖြစ်ပြီး အရပ် ၆ပေနဲ့ ၃လက်မရှိပါတယ်။

Source:Soompi,Yuehua_fam twitter

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။