Netflix ရဲ့ It’s Okay to Not Be Okay ကိုရီးယားဇာတ်လမ်းတွဲမှာ မင်းသမီးဆိုရီဂျီအသုံးပြုခဲ့တဲ့ ဖက်ရှင် brand တွေဟာ ဖက်ရှင်ချစ်သူတွေအဖို့ ရင်သပ်ရှုမောဖွယ်ဖြစ်ခဲ့ပါတယ်။ သူမဟာ Chanel နဲ့ Cartier တို့လို နာမည်ကြီးကမ္ဘာကျော် brand အများစုကို ရွေးချယ်ဝတ်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ဆိုရီဂျီဟာ နိုင်ငံခြားဖြစ်တွေအပြင် ပြည်တွင်းဖြစ် ကိုရီးယားဖက်ရှင် brand တွေကိုလည်း နိုင်ငံတကာကသိအောင်ရွေးချယ်ဝတ်ဆင်ခဲ့တာကို scmp ကတဆင့်အခုလိုတွေ့ရပါတယ်။
Subyul

မင်းသမီးဆိုရီဂျီရဲ့ဇာတ်ကောင် ဂိုမွန်ယောင်းဟာ Cartier လက်ဝတ်ရတနာတွေကို နှစ်သက်သူဖြစ်ပါတယ်။ ဒါပေမဲ့ သူမဟာ ပြည်တွင်းဖြစ်ကိုရီးယား brand တွေကိုလည်း ဝတ်ဆင်ပါတယ်။ သူမဝတ်ထားတဲ့ ချစ်စရာမြနားဆွဲလေးက Subyul တံဆိပ်ပါ။
Playnomore


Playnomore လက်ကိုင်အိတ်ကိုတော့ ဂိုမွန်ယောင်းကို ပန်းခရမ်းရောင် ပန်းပွင့်ဆေးရိုက်ထားတဲ့ဝတ်စုံနဲ့တွဲဝတ်တုန်းက တွေ့ရပါတယ်။ အပြာရောင်မိကျောင်းသားရေကွက်နဲ့ဖြစ်ပြီး ရွှေရောင်ချိန်းကြိုးပါဝင်ပါတယ်။ တမူထူးခြားတဲ့အသွင်ကိုဆောင်ပါတယ်။
Minju Kim
Minju Jim ဟာ ဖက်ရှင်ချစ်သူတွေကြားထဲမှာ နာမည်ကြီးတဲ့အပြင် ဆိုရီဂျီကြောင့် ပိုပြီးလူသိများလာပါတယ်။ ဒီချစ်စရာကောင်းတဲ့ ပန်းရောင် co-ord မှာ စကပ်အပြည့်၊ အင်္ကျီ crop top ဖြစ်တဲ့အတွက် ဆိုရီဂျီရဲ့သေးသွယ်တဲ့ခါးကိုပေါ်လွင်စေပါတယ်။

ဒါကတော့ Minju Jim ရဲ့နောက်ထပ်ဖန်တီးမှုတစ်ခုပါ။ အလွှာအထပ်ထပ်ဖြစ်အောင် ချုပ်ထားတဲ့ညအိပ်ဂါဝန်ပါ။
Joy Gryson

Minju Kim ရဲ့ပန်းရောင် co-ord နဲ့အတူ ဆိုရီဂျီ တွဲဖက်ကိုင်ထားတဲ့ လတစ်ခြမ်းပုံစံ ခရင်မ်ရောင်အိတ်ဟာ Joy Gryson က ဖြစ်ပါတယ်။ ပုခုံးလွယ်ကြိုးဟာ တောင့်တောင့်ခိုင်ခိုင်နဲ့ လိပ်ခွံချိန်းကြိုးဖြစ်ပြီး သားရေအိတ်ကိုယ်လုံးနဲ့ တော်တော်လှပါတယ်။
Enk

ဂိုမွန်ယောင်းဝတ်တဲ့ အပေါ်ပိုင်းဇာထိုးထားပြီး ရိုးရှင်းပြီးသန့်နေတဲ့ အဖြူရောင်လက်ရှည်ဂါဝန်ကိုတော့ ဘိုဟိုတန်ဖိုးကြီးတံဆိပ်ဖြစ်တဲ့ Eenk က တီထွင်ထားတာပါ။
လင်းလင်း