နာမည်ကြီး တရုတ် အဆိုတော်တစ်ယောက်ဖြစ်တဲ့ Ye Ziming ဟာ BLACKPINK အဖွဲ့ဝင် JENNIE အတွက် သူ့ရဲ့ခံစားချက်တွေကို ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။ November 30 ရက်နေ့က Ye Ziming ဟာ သူ့ရဲ့ Weibo account မှာ ‘JENNIE’ လို့ နာမည်ပေးထားတဲ့ lyric video လေးတစ်ခုကို တင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကို sbs က ဖော်ပြထားတာပါ။
View this post on Instagram
ဒီဗီဒီယိုလေးနဲ့အတူ သူက ခုလိုစာလေးကိုလည်း ရေးသားထားခဲ့ပါတယ်နော် “ကျွန်တော့်ရဲ့ နေထိုင်မှုပုံစံက ကျွန်တော် ဆာလာရင် တစ်ခုခု ထစားလိုက်တယ် အိပ်ချင်လာရင် အိပ်လိုက်တယ် တကယ်လို့ ချစ်မိသွားရင်လည်း ဖော်ပြတတ်တယ် @jennierubyjane” ဆိုပြီး သူ့ရဲ့ ခံစားချက်တွေကို သီချင်းလေးကနေ တစ်ဆင့် JENNIE ကို သိစေခဲ့တာ ဖြစ်ပါတယ်။
View this post on Instagram
တစ်ချို့တွေကလည်း သူ့ရဲ့ခံစားချက်တွေကို JENNIE အတွက် သီချင်းလေးကနေ တစ်ဆင့်ဝေမျှခဲ့တယ်လို့ ဆိုကြသလို တစ်ချို့တွေကလည်း kpop star တစ်ယောက်အတွက် သီချင်းဖန်တီးပေးပြီး လူတွေအာရုံစိုက်လာအောင် လုပ်တယ်လို့လည်း သံသယဝင်နေကြပါတယ်။
သူ့ရဲ့ ရည်ရွယ်ချက်က ဘယ်ဟာအမှန်လဲဆိုတာ မသိနိုင်ပေမယ့် ခုအချိန်မှာတော့ ‘JENNIE’ ဆိုတဲ့ ဒီသီချင်းလေးဟာ တရုတ်နဲ့ ကိုးရီးယား အွန်လိုင်းပေါ်မှာ အရမ်းကို နာမည်ကြီး လူပြောများစွာ ပျံ့နှံ့နေခဲ့ပါတယ်နော်။
Khin