မြန်မာနိုင်ငံရဲ နာမည်ကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ စည်သူလွင်ကတော့  မကြာသေးခင်ကမှာ သူ့ရဲ့ ဟန်းဖုန်းအခိုးခံလိုက်ပါတယ်။ သူ့ရဲ့ ဟန်းဖုန်းအခိုးခံရတဲ့ ကိစ္စကို ဘယ်သူမှ မသိကြသေးတဲ့အချိန်မှာပဲ ဖုန်းကို ခိုးယူသွားတဲ့သူဟာ စည်သူလွင်အယောင်ဆောင်ကာ အဆိုတော်တွေဆီကနေ လှည့်ပတ်ပြီး ငွေချေးနေခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းကိုတော့ စည်သူလွင်အယောင်ဆောင်ဆီကနေ ငွေလိမ်ရခံနီးပါးကြုံခဲ့ရတဲ့ သားကြီးက သူ့ရဲ့ ဖေ့စ်ဘုတ်ပေါ်မှာတင်ထားတာဖြစ်ပါတယ်။ အယောင်ဆောင်ကတော့ သားကြီးဆီကနေ ငါးသိန်းချီးခဲ့တာဖြစ်ပြီး သားကြီးကတော့ စကားပြောရင်း မသင်္ကာလာတော့တဲ့အတွက် လူကိုယ်တိုင်လာယူဖို့ ပြောခဲ့ပြီး ဒီအကြောင်းကို ဖေ့စ်ဘုတ်ပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။

သားကြီးရဲ့ ပိုစ့်အောက်မှာတော့ အဆိုတော် ထွန်းရတီက သူမလည်း အလားတူ အဖြစ်မျိုးကြုံခဲ့ရကြောင်းကို အခူလိုပဲ ပြောပြခဲ့ပါတယ်။

စည်သူလွင်ရဲ့ ဇနီးဖြစ်သူကတော့ စည်သူလွင်ရဲ့ ဖေစ်ဘုတ်အကောင့်ပေဂ်ျအောက်မှာ ” Phone-095021247,09261618621 ကိုစည်သူ လွင် မ ကိုင်ထားပါ ဖုန်း အခိုးခံ လိုက်ရ တာ ပါFacebook ဖွင့် ထား တာ မို့ပါ”လို့လာရောက်ရေးသားထားတာတွေ့ရပါတယ်။ ဒီကိစ္စကို သက်ဆိုင်ရာကနေ အမြန်ဆုံးဖြေရှင်းပေးဖို့ ပရိသတ်တွေကတော့ တောင်းဆိုနေကြပါတယ်။

Source: Tharr Gyi FB