အခုတလော Netflix ကြည့်သူတွေကြားထဲ ခေတ်စားနေတဲ့ စီးရီးလေးတစ်ခုရှိနေပါတယ်။ အဲဒါကတော့ Haunting House of Bly Manor ပါပဲ။ ဒီကားဟာ အရင် Netflix က ထွက်ဖူးခဲ့တဲ့ Haunting of Hill House နဲ့ franchise တစ်ခုတည်းဖြစ်ပြီးပေမယ့် ဇာတ်လမ်းကတော့ ဆက်စပ်မှုမရှိပါဘူး။

YouTube/Netflix

သရဲကားဆိုပေမယ့်လို့ သူ့ပုံစံလေးက သမရိုးကျ သရဲကားတွေလိုမျိုး jump scare တွေကို ဖောဖောသီသီသုံးထားတာမျိုးမဟုတ်ဘဲနဲ့ Danielle ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝတစ်ခုလုံးကို ရိုက်ပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းလေး ခဏထားပြီးတော့ အဲဒီအထဲက Danielle ရဲ့ ငယ်ဘဝအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီးလေးအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ သူဟာ လက်ရှိအချိန်မှာ ဂန္တဝင်ဆန်တဲ့အလှတွေကြောင့် ပရိတ်သတ်တွေကြားထဲ ရေပန်းစားနေသူတစ်ဦးလည်းဖြစ်ပါတယ်။

သူမနာမည်ကတော့ Victoria Pedretti ပါ။ ၁၉၉၅ ခုနှစ်ဖွားဖြစ်တဲ့အတွက် အခုဆိုရင် အသက် ၂၅ နှစ်ရှိနေပြီပဲဖြစ်ပါတယ်။ အရပ်ကတော့ ၅ ပေနဲ့ ၃ လက်မပါ။ Pennsylvania မှာ နေထိုင်ခဲ့ပြီးတော့ Carnegie Mellon ဆိုတဲ့ ဒရာမာကျောင်းမှ သရုပ်ဆောင်ပညာနဲ့ ကျောင်းပြီးထားခဲ့တာပါ။

YouTube/Netflix
YouTube/Netflix

သူမဟာ Once Upon A Time In Hollywood မှာလည်း Leslie “Lulu” Van Houten အဖြစ်ပါဝင်သရုပ်ဆောင်ထားခဲ့ပါသေးတယ်။ နောက် ဒီစီးရီးမတိုင်ခင်အ ရှေ့က The Haunting of Hill House မှာလည်း ပါခဲ့ပါသေးတယ်။ ၂၀၂၀ ထဲမှာတော့ Shirley ဆိုတဲ့ ရုပ်ရှင်လည်း ထွက်ဖို့ရှိနေပါတယ်တဲ့။

YouTube/Netflix

သူမဟာ လက်ရှိအချိန်မှာတော့ ဘယ်သူနဲ့မှ ဒိတ်လုပ်နေခြင်းမရှိသေးပေမယ့်လည်း fan တွေကတော့ Instagram မှာတောင်ပုံတစ်ပုံမှ မတင်တဲ့ လျှို့ဝှက်လွန်းနိုင်တဲ့ Victoria Pedretti ကို တော်တော်လေးကို စိတ်ဝင်စားနေခဲ့ပါတယ်။ တချိှု့ဆိုရင် သူမဟာ လိင်တူစိတ်ဝင်စားသူဖြစ်တယ်လို့တောင် မှတ်ချက်ပေးနေခဲ့ကြတာပါ။

Victoria Pedretti ကတော့ သူမရဲ့လုပ်ရပ်တိုင်းကို မိဘနှစ်ပါးက ယုံယုံကြည်ကြည်နဲ့အပြည့်အဝထောက်ခံကြတယ်လို့လည်း ပြောထားပါသေးတယ်။ နောက်မိဘတွေကလည်း အနုပညာနယ်ပယ်ထဲကပဲဆိုတော့ ကြားထဲ နားလည်မှုတွေ အပြည့်အပါပဲတဲ့။

YouTube/Netflix

penny