ထိုင်းဒရမ်မာ ဇာတ်လမ်းတွဲတွေကို အားပေးလာတဲ့ ပရိသတ်တွေ ဆိုရင် တော့ Margie Rasri ကို သိကြမှာပါ။ သူမရဲ့ ဇာတ်ကားကို တော့ မြန်မာနိုင်ငံက Channel 7 မှာလည်း ပြသ ခဲ့ဖူးပါတယ်။ထူးခြားတဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချော လေးပါ။ကေ လး မွေး ပြီး တည်းက ကားရိုက်တွေ နားထားပြီး မကြာခင်မှာတော့ ပြန်လည် ရိုက်ကူးသွား တော့မှာပါ။ Margie Rasri ရဲ့ အ ကြောင်းကို Cele Now ပရိသတ်တွေ အတွက် ဝေမျှ ပေးချင်ပါတယ်။

 

View this post on Instagram

 

💗

A post shared by Margie Balenciaga (@margie_rasri) on

 

View this post on Instagram

 

👜 @loewe

A post shared by Margie Balenciaga (@margie_rasri) on

Margie Rasri က တော့ ကြည့်လိုက်တာနဲ့ ကပြား လေး မှန်း သိသာပါတယ်။သူမက တော့ ထိုင်း-စပိန် က ပြား မ လေးပါ။နာမည်အရင်း က တော့ Rasri Balenciaga Chirathivat ဖြစ်ပြီး Margie ဆိုပြီး လူသိများပါတယ်။(၁၉၉၀)ခုနှစ် သြဂုတ် (၂၂) မှာ မွေးတာပါ။မင်းသမီး မော်ဒယ် တစ်ယောက် အဖြစ်နဲ့ ရပ်တည်နေသူပါ။

သူမ က တော့ အနုပညာမျိုးရိုးရှိပါတယ်။ Daniel Balenciaga နဲ့ မော်ဒယ် ဟောင်း Orasri Poonkwan တို့ရဲ့ သမီးပါ။ Sadanun Balenciaga လို့ ခေါ်တဲ့ ညီမ လေး တစ်ယောက်ရှိပါတယ်။ Marina  လို့ လူသိများပြီး သူမက လည်း ထိုင်းမင်းသမီး ပါ။ဘန် ကောက်က Private တက္ကသိုလ် Assumption University က နေ ကျောင်းပြီး ခဲ့တာပါ။(၂၀၁၂)ခုနှစ် ဇန်န၀ါရီ (၂၄)မှာ ဘွဲ့ ရခဲ့တာပါ။

သူမ ရိုက်ကူးခဲ့တဲ့ ဒရမ်မာဇာတ်ကားတွေ က တော့ အများကြီး ရှိပါတယ်။4 Hua Jai Haeng Koon Kao (4 Hearts of the Mountains) မှာ Pakorn Chatborirak နဲ့ အတူ သရုပ်ဆောင် ရင်း နာမည်ကြီး လာခဲ့တာပါ။ (၂၀၁၂) မှာတော့ Mario Maurer နဲ့ အတူ တွဲပြီး Ruk Kerd Talai Sode ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူး ခဲ့ပါတယ်။

 

View this post on Instagram

 

I woke up like this 😝

A post shared by Margie Balenciaga (@margie_rasri) on

 

View this post on Instagram

 

❤️❤️❤️

A post shared by Margie Balenciaga (@margie_rasri) on

(၂၀၁၃) မှာတော့ ထိုင်းမင်းသား Mike နဲ့ အတူ တွဲပြီး Raak Boon မှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။(၂၀၁၄) မှာတော့ Wayupak Montra ၊ Pakorn Chatborirak  တို့ နဲ့ အတူ တွဲပြီး Nai Suan Kwan မှာ သရုပ်ဆောင်ခဲ့ပါတယ်။

 

View this post on Instagram

 

💋

A post shared by Margie Balenciaga (@margie_rasri) on

Rasri  က တော့ ရက်ပ်ပါ အဆိုတော် Passarakorn Chirathivat နဲ့ (၂၀၁၇)ဒီဇင်ဘာ မှာ လက်ထပ်ခဲ့ပါတယ်။ (၂၀၁၉) ဧပြီ မှာတော့ က လေး အမြွှာလေး မွေးခဲ့ပါတယ်။ သားတစ်ယောက်၊သမီးတစ်ေ ယာက် အမြွှာလေး တွေပါ။သမီးလေး နာမည်ကိုတော့ ချစ်စနိုးနဲ့ Mia နဲ့ သား လေး နာမည်ကိုတော့ Mika လို့ နာမည်ပေး ထားပါတယ်။တကယ့် နာမည်အရင်းတွေက တော့ Rakorn နဲ့ Phatsara ပါ။

 

View this post on Instagram

 

รักแม่แหละดูออก 😝

A post shared by Margie Balenciaga (@margie_rasri) on

(၂၀၁၈)တုန်းက သူမရိုက်ခဲ့တဲ့ Buang Ruk Satan (2018) ဇာတ်ကားပြီး တည်းက ကားသစ် မရိုက်ဖြ စ်သေးပါဘူး။ကြားထဲမှာတော့ Thong Ake Mor Yah Tah Chaloang (2019) ဇာတ်ကားမှာ ဧည့်သည် သရုပ်ဆောင် အဖြစ် ပါဝင် ခဲ့ဖူးပါတယ်။မကြာခင်မှာ တော့ ဇာတ်ကားသစ် ပြန်ရိုက်ကူးတော့မှာပါ။

 

View this post on Instagram

 

Can i just stay here forever 😝☀️ @andararesort

A post shared by Margie Balenciaga (@margie_rasri) on

 

View this post on Instagram

 

With the aunties ❤️ @urassayas @kimmy_kimberley @mikamiathetwins

A post shared by Margie Balenciaga (@margie_rasri) on

#CELENOW(ref;wiki)