မင်းသားချော Joo Won က တော့ နာမည်ကြီး မင်းသားတစ်ယောက်ပါ။လက်ရှိ ပြသ နေတဲ့ Alice ဆိုတဲ့ ဇာတ်ကားမှာ ပါဝင် ထားသူပါ။(၁၉၈၇)ခုနှစ် စက်တင်ဘာ (၃၀)မှာ မွေးဖွားခဲ့တာပါ။သူ့ အသက်က တော့ (၃၂)နှစ်ပါ။ Joo Won က တော့ King of Baking, Kim Takgu (2010), Ojakgyo Family (2011), Bridal Mask (2012), Good Doctor (2013), Fatal Intuition (2015), Yong-pal (2015) ၊ My Sassy Girl (2017) ဆိုတဲ့ ဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့သူပါ။

 

View this post on Instagram

 

뮤지컬 #GHOST 준비 중..❤️ #👻 #사랑과영혼

A post shared by 주원 (@zu.won_moon.jun.won) on

Moon Jun-won  က တော့ ဆိုးလ် မှာပဲ မွေးဖွားခဲ့တာပါ။ Sungkyunkwan တက္ကသိုလ် မှာ Theatre and Arts ပညာကို လေ့လာ သင်ယူခဲ့တာပါ။SBS ရဲ့ က လေး TV ပရိုဂရမ် ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့ Free မှာ ပါဝင် ခဲ့ပါတယ်။အဲ့ဒီ Show ကိုတော့ (၂၀၀၆)မှာ ပြသ ခဲ့တာပါ။နောက်ပိုင်းမှာတော့ Altar Boyz မှာ လူရွေး ပွဲ ၀င် ပြိုင် ခဲ့ပါတယ်။ Spring Awakening ဆိုတဲ့ Musicial မှာ ပါဝင် ခဲ့ပြီး နောက် Sim Entertainment ရဲ့ မျက်စိ ကျ တာကို ခံခဲ့ရပါတယ်။ဒရမ်မာ ဇာတ်ကား အ နေနဲ့ ဆိုရင်တော့ (၂၀၁၀)မှာ King of Baking ဆိုတဲ့ ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။

 

View this post on Instagram

 

진교미팀❤️ 다들 고생 많았구 사랑해❤️

A post shared by 주원 (@zu.won_moon.jun.won) on

နောက်ပိုင်းမှာတော့ KBS2 ရဲ့ မိသားစု ဒရမ်မာဇာတ်ကား Ojakgyo Family (2011) မှာ ပါဝင် သရုပ် ဆောင် ခဲ့ပါတယ်။ KBS Drama Awards မှာ အ ကောင်းဆုံး မင်းသားစု ကို ရခဲ့ပါတယ်။တစ်နှစ်တည်းမှာပဲ S.I.U.  ဆိုတဲ့ ဇာတ်ကားမှာ ပါဝင် ခဲ့ပါတယ်။ Bridal Mask ဆိုတဲ့ ဇာတ်ကားနဲ့ လည်း ဆုေ တွ အများကြီး ရခဲ့ဖူးသူပါ။ variety program  အ နေနဲ့ ဆိုရင် 2 Days & 1 Night မှာ ပါဝင် ခဲ့ဖူးပါတယ်။

 

View this post on Instagram

 

안녕하세요, 주원입니다. 배우 김희선 님의 뜻을 이어받아 #덕분에챌린지에 동참하게 되었습니다. 코로나19의 종식을 위해 최전선에서 밤낮없이 애써주시는 전 세계 의료진, 방역, 소방, 자원봉사자 등 많은 분들께 존경과 감사를 표합니다. 아직 끝나지 않은 상황인 만큼 마스크 착용, 손 씻기, 거리두기 등 기본 예방 수칙 잊지 말고 지켜주세요. 저 또한 동참하고 실천하겠습니다. 다시 한번 모든 분들의 노고에 진심으로 감사와 존경을 보냅니다. 여러분들의 안전과 건강을 기원하겠습니다. 뜻깊은 캠페인에 함께 해주실 분은 #태양 @__youngbae__ #리디아고 @lydsko 님입니다. 함께 해주셔서 고맙습니다.

A post shared by 주원 (@zu.won_moon.jun.won) on

Bread, Love and Dreams ဇာတ်ကားရိုက်တုန်းက ဆိုရင် မုန့်ဖုတ်တာကို တကယ့် အပြင်မှာပါ သေချာ သင်ယူ ခဲ့ပါတယ်။ရိုက်ကူးရေး ၀န်ထမ်းတွေ က တောင်မှ သူ့ကို မုန့်ဆိုင် ဖွင့် ဖို့ အကြံပြုတဲ့ အထိ သူ့ရဲ့ မုန့် ဖုတ် Skill က အရမ်း ကောင်းခဲ့ပါတယ်။

 

View this post on Instagram

 

본 방송을 보는게 얼마만인지.. 곧 만나요 #앨리스 #Alice

A post shared by 주원 (@zu.won_moon.jun.won) on

သူနဲ့ အတူ တွဲ သရုပ်ဆောင်တဲ့ မင်းသမီးတွေ ကို ချီးမွင်း ပြောဆိုရတာကို သဘောကျ သူပါ။ Kim Tae Hee ကို ဆိုရင် နတ်သမီးလေး ၊ Uee  ကို ဆိုရင် လှလည်း လှ ဥာဏ် လည်း ကောင်းသူ လေး လို့ ပြောခဲ့ပါတယ်။ မင်းသမီး Choi Kang Hee နဲ့ ဒိတ်ချင် တယ်လို့ လည်း ပြောခဲ့ဖူးပါတယ်။ Leonardo DiCaprio က တော့ သူ သ  ဘောကျ တဲ့ မင်းသားပါ။သူလဲ အသက်ကြီးရင် အဲ့ မင်းသားလို မျိုးပဲ ဖြစ်ချင်တယ်လို့ ပြော ခဲ့ဖူးပါတယ်။

 

View this post on Instagram

 

우리 순수하고 행복했던 기억.. 웃자 🤣 막내 경표 축하해😍

A post shared by 주원 (@zu.won_moon.jun.won) on

အားလပ်ချိန် တွေ ကို တ ယောက်တည်း အချိန်ကုန် ရတာကို ကြိုက်တယ်လို့ အင်တာဗျူး တစ်ခု မှာ ဖြေ ခဲ့ဖူး ပါတယ်။အားတဲ့ အချိန် မှာ ကားလျှောက် မောင်းရတာ၊တ ရေးအိပ် ရတာကို ကြိုက်တယ်လို့ ပြော ခဲ့ဖူးပါတယ်။  အချစ်ရေးဆိုရင်တော့ (၂၀၁၇) ခုနှစ် ဇန်န၀ါရီ (၁၈) မှာ BoA နဲ့ တွဲ နေတဲ့ အ ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ဒါပေမယ့် (၂၀၁၇) နိုဝင်ဘာ (၁၃)မှာတော့ လမ်းခွဲ ခဲ့ပါတယ်။

 

View this post on Instagram

 

#brentwood ♡

A post shared by 주원 (@zu.won_moon.jun.won) on

#CELENOW (ref;wiki/chanel korea)