တောင်ကိုရီးယားမှာရှိတဲ့ နာမည်ကျော်အဆိုတော်အဖွဲတွေ့၊အနုပညာရှင်တွေကတော့ ပရိသတ်အချို့ရဲ့ ဆိုးဝါးစွာ အားပေးတဲ့အပြုအမူတွေကို ကြုံတွေ့ရလေ့ရှိပါတယ်။ အားပေးတယ်ဆိုတာထက် အနုပညာရှင်တွေရဲ့ နေ့စဉ်ဘဝ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေအထိပါ လိုက်လံနှောက်ယှက်တဲ့ ရူးသွပ်လွန်းတဲ့ ပရိသတ်တွေလို့ ပြောရင်ပိုမှန်ပါတယ်။ အဲဒီ ပရိသတ်တွေကိုတော့ sasaeng fan (စက်စန်း ဖန်) တွေလို့ ခေါ်ပါတယ်။

1.EXO

sasaeng fan တစ်ယောက်ဟာဆိုရင်တော့ အနုပညာရှင်တွေစီးလေ့ရှိတဲ့ Van ကိုဌားပြီးတော့ကို EXO ရဲ့ အနုပညာအချိန်ဇယားတွေပြီးတဲ့အချိန်မှာစောင့်နေပြီး EXO အဖွဲ့ဝင်တွေကို ကားနဲ့တင်ခေါ်သွားဖို့လုပ်တာပါ။  EXO အဖွဲ့ဝင်တွေကလည်း သတိမထားမိဘဲ ကားထဲဝင်ဖို့ လုပ်နေတုန်းမှာ မန်နေဂျာက သတိထားမိခဲ့ပြီး EXO အဖွဲ့ဝင်တွေကို တားခဲ့ပါတယ်။

နောက်တစ်ခုကတော့ မိန်းကလေး sasaeng fan တွေဟာ ခေါင်းတုံးတုံးပြီး ယောကျာ်းလေးဟန်ဆောင်ကာ EXO အသုံးပြုနေတဲ့ ရေချိုးခန်းကို ၀င်လာခဲ့တာဖြစ်ပါတယ်။

နောက်ထပ်တစ်ခုကတော့ sasaeng fanတစ်ယောက်က EXO နေတဲ့ ဟော်တယ်ခန်းထဲကို ခိုးဝင်ပြီး မိုက်ကရိုဖုန်းထားခဲ့တဲ့ အဖြစ်ပါ။ နောက်တော့ အဲဒီဖန်ဟာ EXOအဖွဲ့ဝင်တွေ ရေချိုးရင်းနဲ့ သီချင်းဆိုနေတဲ့ အသံဖိုင်ကို အင်တာနက်ပေါ်တင်ခဲ့ပါတယ်။

2. BTS

ဆွီဒင်မှာ BTS အဖွဲ့ရိုက်ကူရေးလုပ်နေစဉ် ကော်ဖီဆိုင်တစ်ခုမှာ နားတဲ့ အချိန်မှာ sasaeng fan တစ်စုက သူတို့ကို ကော်ဖီဆိုင်ရှေ့ကနေကြည့်နေခဲ့ပါတယ်။ ကင်မရာသမားက သူတို့ကို ထွက်သွားပေးဖို့ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့ဟာ ထွက်သွားဟန်ဆောင်ပြီးတော့ BTS ထွက်လာတဲ့ အချိန်မှာတော့ နောက်ကနေ ပြေးလိုက်လာကြတာဖြစ်ပါတယ်။

3.Kim Heechul

Heechul ဟာ ကားမောင်းရင်းနဲ့ သူ့နောက်ကနေ sasaeng fanတစ်စု ကားနဲ့လိုက်လာကြတာကို သတိထားမိခဲ့ပြီး ကားကို လမ်းကြောင်းအမျိုးမျိုးကနေ ရှောင်မောင်းပြီး ထွက်ပြေးဖို့ကြိုးစားရာကနေ ကားတိုက်မှုဖြစ်ပြီး ခြေထောက်ကျိုးခဲ့ပါတယ်။

4.Wanna One

MBC ကို  Weekly Idol ရိုက်ဖို့အတွက်လာတဲ့ အချိန်မှာ  ပရိသတ်တွေက စတူဒီယိုအပေါက်ဝမှာ ပိတ်ပြီး ရပ်နေကြလို့ ရဲတောင်ခေါ်ခဲ့ရပါတယ်။

5.Kim  JaeJoong

sasaeng fan တစ်ယောက်က ချွေထုတ်ခန်းမှာ Jaejoong အိပ်နေတဲ့ ပုံကို ဓါတ်ပုံရိုက်ပြီး Jaejoong အိပ်နေတုန်း နမ်းတောင်နမ်းခဲ့သေးတယ်လို့လည်း ကြွားလုံးထုတ်ခဲ့ပါသေးတယ်။

6.Taecyeon

2PM အဖွဲ့ဝင် Taecyeon ကတော့ “ငါမရှိဘဲနင်အသက်မရှင်နိုင်ဘူး”လို့ရေးထားတဲ့ သွေးစာကို sasaeng fan တစ်ယောက်ဆီကနေ ရရှိခဲ့တာဖြစ်ပါတယ်။ နောက်တော့ အဲဒီစာက သူ့ရဲ့ရာသီသွေးနဲ့ရေးထားတဲ့ စာဖြစ်တယ်ဆိုပြီး စာပို့လိုက်တဲ့ sasaeng fanက ပြောခဲ့ပါတယ်။ “ငါကအစွဲအလန်းကြီးတယ်၊ ဒါပေမဲ့ sasaeng fan မဟုတ်ဘူး၊ တောင်းပန်ပါတယ်”လို့ ပြောခဲ့ပါသေးတယ်။

Source: Koreaboo