မေလ(၂၂)ရက်နေ့ကတော့ EXO အဖွဲ့ဝင် Suho ရဲ့ အသက် (၂၇)နှစ်ပြည့်မွေးနေ့လေးလို့ သိရပါတယ်။ Suho ကတော့ သူ့ရဲ့ မွေးနေ့ပွဲလေးကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ ဖြတ်သန်းခဲ့ပါ တယ်။ MBN ရဲ့ “Rich Man, Poor Woman” က အဖွဲ့သားတွေနဲ့ အတူ မွေးနေ့ပွဲလေး ကျင်းပ ဖြတ်သန်းခဲ့ပါတယ်။

မေလ(၂၂)ရက်နေ့မှာတော့ Ha Yeon Soo နဲ့ Gong Seo Young  တို့က ဗီဒီယိုဖိုင်တွေ တင်ခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုဖိုင်ထဲမှာတော့  ကိတ်မုန့်တစ်လုံး လက်ဆောင်ပေးခဲ့တဲ့ ပုံတွေ ပါဝင်ပါတယ်။ “CEO Lee”  မွေးနေ့မှ ပျော်ရွှင်ပါစေဆိုပြီး Caption မှာ ရေးထားပါတယ်။ ကိတ်မုန့်၊ ပန်း၊ လက်ဆောင် တစ်ခုကို ကိုင်ထားပြီး၊ Ha Yeon Soo က Suho ဆီကို၊ Lee Jae Jin  နဲ့ အတူ လမ်းလျှောက် သွားပြီးနောက်“Happy Birthday”  သီချင်း သီဆိုပေးခဲ့ပြီး Suho က ဖယောင်းတိုင် မီးမှုတ်ပုံတွေလည်း ပါဝင်ပါတယ်။

Ha Yeon Soo က ကမ်းခြေမှာ ရိုက်ကွင်းနောက်ကွယ်က Suho ရဲ့ ပုံရိပ်တွေကိုလည်း ရှယ်ထားပါတယ်။ “CEO Lee အတွက် ပုံအကောင်းစားရိုက်ထားတာ..သူ့ရဲ့ မွေးနေ့အတွက် ..” ဆိုပြီး ရေးထားပါတယ်။ Rich Man, Poor Woman” ဇာတ်ကားကိုတော့ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့၊ ကိုရီးယားစံတော်ချိန် ည (၁၁) နာရီမှာ ပုံမှန်ထုတ်လွှင့်ပြသနေပါတယ်။

Source soompi